ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Tuesday, July 29, 2014

ကြောင်ကို ဘယ်သူခြူဆွဲပေးမလဲ

တစ်ခါက မြို့တစ်မြို့ရဲ့အိမ်တစ်အိမ်မှာ ကြွက်တွေအရမ်းများခဲ့တယ်။ ကြွက်တွေက နေ့နေ့ညညသောင်းကျိန်းလွန်းလို့ အိမ်ရှင်က ကြောင်တစ်ကောင်ဝယ်မွေးလိုက်တယ်။

ကြောင်ရောက်လာပြီးတဲ့နောက် ကြွက်တွေ တော်တော်လျော့သွားခဲ့တယ်။ အိမ်ရှင်ကဝမ်းသာပြီး ကြောင်ကလည်း သူ့တာဝန်သူကျေကျေပွန်ပွန် ထမ်းဆောင်နေခဲ့တယ်။

တစ်ရက်မှာ ကြွက်တွေက အစည်းအဝေးလုပ်တော့တယ်။ အစည်းအဝေးလုပ်ရတဲ့ ရည်ရွယ်ချက်က သူတို့ကိုဖမ်းယူသတ်စားနေတဲ့ ကြောင်ကိုသုတ်သင်ဖို့ဖြစ်တယ်။ ကြောင်ရဲ့ရန်ကကာကွယ်နိုင်အောင် ကြွက်တွေကို အကြံထုတ်ကြပါလို့ ကြွက်ခေါင်းဆောင်တောင်းဆိုတယ်။

ကြွက်တွေက သူတို့ရဲ့အကြံကို တစ်ကောင်ချင်းစီပြောကြတယ်။
"ကျွန်တော်တို့ကို အဲဒီကြောင်စုတ်လိုက်ဖမ်းတဲ့အခါ သူ့ကို ကြွက်ထောက်ချောက်နား တမင်မြားခေါ်လာခဲ့တယ်။ ကြွက်ထောင်ချောက်က သူ့ကိုညှပ်မိရင် နောက်ဆိုကျွန်တော်တို့ကို လိုက်ဖမ်းတဲ့ကောင်ရှိတော့မှာ မဟုတ်ဘူး"

"ဒီနည်းက သိပ်အန္တရာယ်များလွန်းတယ်။ မတော်လို့ ကြောင်က ကြွက်ထောက်ချောက်နားမရောက်ခင် မင်းအရင်အစားခံရရင် ဘယ်လိုလုပ်မလဲ။ သူအိပ်နေတုန်း သူ့ကိုမီးနဲ့ရှို့ပစ်တာ အကောင်းဆုံးပဲလို့ ငါထင်တယ်"

"ဒီနည်းက ငါတို့ကိုလည်း ဒုက္ခရောက်စေနိုင်တယ်.. ငါ့မှာ အကောင်းဆုံးနည်းတစ်ခုရှိတယ်.. သူအိပ်နေတုန်း သူ့လည်ပင်းမှာ ခြူတစ်လုံးသွားဆွဲပေးထားလိုက်မယ်။ ဒီလိုဆိုရင် ခြူသံကြားတာနဲ့ ငါတို့အမြန်ပြေးပုန်းလို့ရတယ်။ သူဖမ်းမိဖို့လည်း မကြောက်ရတော့ဘူး.. ဘယ်နဲ့လဲ..."

ကြွက်တွေက ဒီအကြံကို ထောက်ခံအားပေးကြတယ်။

"အားလုံးက ထောက်ခံပြီဆိုတော့ ကြောင်ကို ဘယ်သူခြူသွားဆွဲပေးချင်သလဲ" ကြွက်ခေါင်းဆောင်ကမေးတော့ ဘယ်သူမှ မတုန့်ပြန်ကြတော့ဘူး။

"ဒီအကြံကို မင်းကထုတ်တယ်ဆိုတော့ မင်းပဲသွားဆွဲကွာ.."

"ကျွန်... ကျွန်တော်.. သွားမဆွဲရဲဘူး.. တခြားကြွက်ကိုပဲရှာပြီး သွားဆွဲခိုင်းပါ.."

နောက်ဆုံးမှာ ဘယ်ကြွက်မှ သွားမဆွဲရဲခဲ့လို့ အခုထက်တိုင်ပဲ ကြွက်တွေဟာ ကြောင်ရဲ့လိုက်လံဖမ်းဆီးတာကို ခံနေခဲ့ရတယ်။