ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Tuesday, July 22, 2014

မေတ္တာရှင်

ဖြစ်ထွန်းပေါက်ရောက်မည့်သူ
******************************
ဖြစ်မြောက်ထွန်းပေါက်မယ့်သူဆိုတာ - သူများပါးစပ်ဖျားမှာ လမ်းမဆုံးတတ်ကြဘူး၊
အညှာခိုင်တဲ့ သစ်ရွက်ဟာ တော်တော်တန်တန် လေပြင်းလောက်နဲ့ ကြွေမကျသလိုပေါ့။

အညှာမခိုင်တဲ့ သစ်ရွက်ဟာ လေလေးတစ်ချက် ဝေ့လိုက်ရုံနဲ့ ကြွေကျရသလို၊
ရည်ရွယ်ချက် မခိုင်မာတဲ့ သူတွေဟာလည်း ပြစ်တင်ဝေဖန်မူအနည်းငယ်နဲ့ ကြုံလိုက်ရတယ်ဆိုရင်ပဲ မိမိလုပ်ငန်းကို အလွယ်တကူ စွန့်ပြစ်တတ်ကြတယ်။

လူတစ်ယောက်၏ အစွမ်းအစ
*****************************
လူတစ်ယောက်၏ အစွမ်းအစကို နှုတ်ဖြင့်ကြိုပြောလျှင် ပေါ့သွားတတ်သည်။
အောင်မြင်အောင် လက်တွေ့လုပ်ပြခြင်းဖြင့်သာလျှင် လေးနက်ပြီးသမိုင်းဝင်စေသည်။

မေတ္တာရှင်

ဖြစ်ထွန်းပေါက်ရောက်မည့်သူ
******************************
ဖြစ်မြောက်ထွန်းပေါက်မယ့်သူဆိုတာ - သူများပါးစပ်ဖျားမှာ လမ်းမဆုံးတတ်ကြဘူး၊
အညှာခိုင်တဲ့ သစ်ရွက်ဟာ တော်တော်တန်တန် လေပြင်းလောက်နဲ့ ကြွေမကျသလိုပေါ့။

အညှာမခိုင်တဲ့ သစ်ရွက်ဟာ လေလေးတစ်ချက် ဝေ့လိုက်ရုံနဲ့ ကြွေကျရသလို၊
ရည်ရွယ်ချက် မခိုင်မာတဲ့ သူတွေဟာလည်း ပြစ်တင်ဝေဖန်မူအနည်းငယ်နဲ့ ကြုံလိုက်ရတယ်ဆိုရင်ပဲ မိမိလုပ်ငန်းကို အလွယ်တကူ စွန့်ပြစ်တတ်ကြတယ်။

လူတစ်ယောက်၏ အစွမ်းအစ
*****************************
လူတစ်ယောက်၏ အစွမ်းအစကို နှုတ်ဖြင့်ကြိုပြောလျှင် ပေါ့သွားတတ်သည်။
အောင်မြင်အောင် လက်တွေ့လုပ်ပြခြင်းဖြင့်သာလျှင် လေးနက်ပြီးသမိုင်းဝင်စေသည်။

Monday, July 21, 2014

ဘာလိုသလဲ

" လူငယ်များ စာကြိုးစားသင့်သည် " ဟူသော ခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးခိုင်ရာ ပီတာလေးက အောက်ပါအတိုင်း ဖြေသည် ။

" လူတစ်ယောက်သည် စာကို ကြိုးစားလေလေ အသိပညာ တိုးပွားလေလေ ဖြစ်သည် ။ သိတာ များလေလေ များများ မေ့လေ ဖြစ်သည် ။ များများမေ့လေလေ သိတာ နည်းလေလေ ဖြစ်သည် ။ သိတာ နည်းလေလေ မေ့တာလည်း နည်းလေလေ ဖြစ်သည် ။ မေ့တာ နည်းလေလေ သူသိတာ များလေလေ ဖြစ်သည် ။ ထို့ ကြောင့် မေးစရာ ဖြစ်လာသည် ။ " ဘယ့်အတွက် စာကို ကောင်းကောင်း သင်ရမည်နည်း" ဟူ၍ ဖြစ်သည် ။"

ဗိုလ်ချုပ်အောင်ဆန်း၏ ******************** သံဃတော်များသို့ ပန်ကြားလွှာ ************************


``ဝိသေသအားဖြင့် ကျွန်တော်တို့ ပြည်သူအများစုကြီးက ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်း ပြောရရင် တခြားဘာသာတွေကို မလိုမုန်းထား စိတ်နဲ့ ပုတ်ခတ်ခြင်းကင်းစွာနဲ့ ပြောလိုတာကတော့ ဗုဒ္ဓဘာသာဟာ ပင်ကိုယ်အားဖြင့် ကိုးကွယ်မှုဘာသာအဖြစ်သာ မဟုတ်ဘဲ ရှေးယခင်ကပင် ဒီကြီးမြတ်တဲ့ ဘာသာအပေါ်မှာ ဖန်တီးထည့်သွင်းထားတဲ့ မှားယွင်းတဲ့ ဖြည့်စွက်မှုနဲ့ အပိုဆထားတာတွေကို ကျွန်တော်တို့ တူညီဖယ်ရှားလိုက်နိုင်ရင် ကမ္ဘာပေါ်မှာ အကြီးအကျယ်ဆုံး အတွေးအခေါ်ပညာရပ် ဖြစ်လာနိုင်တဲ့ အမှတ်လက္ခဏာများ ရှိနေပါတယ်။ ဒါကြောင့် တပည့်တော်အနေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို အထူးအသနားခံ ပန်ကြားလျှောက်ထားလိုပါတယ်။

သံဃာတော် အရှင်သူမြတ်တို့ဘုရား၊ သံဃာတော်များဟာ ကမ္ဘာပေါ်ရှိ ကြီးမြတ်တဲ့ဘာသာတစ်ခုကို အမွေဆက်ခံသူများ ဖြစ်ပါတယ်။ ဒီသာသနာတော်ကို သန့်ရှင်အောင် သန့်စင်ပြီး မေတ္တာတရားနဲ့ ညီနောင်သားချင်းတော်စပ်မှုဆိုတဲ့ အချိန်မရွေး တည်တံ့မှန်ကန်နေတဲ့ ဓမ္မသတင်းကို လူသားတစ်ရပ်လုံး ထာဝရကြားသိအောင် ဟောပြောဖြန့်ချိပေးတော်မူပါဘုရား။

သံဃာတော် အရှင်သူမြတ်တို့ဘုရား၊ တပည့်တော်တို့သည် မေတ္တာတရားနဲ့ လူသားချင်း ညီနောင်သားချင်း တော်စပ်မှုတရားတို့နဲ့ ပတ်သက်၍ သံဃာတော်တို့ အလေးထားဟောကြားသော ဓမ္မဒေသနာတော်တို့ကို တပည့်တော်တို့ ပြည်သူတွေ ကြားမှာသာမက ဒီကျယ်ပြန့်တဲ့ ကမ္ဘာတစ်ခုလုံးရှိ ပြည်သူများကြားမှာပါ နားကြားသွားရန် အသင့်ရှိပါတယ်ဘုရား။ ဆက်လက်ပြီးတော့လည်း ဒီကိစ္စမှာ တပည့်တော်တို့ဟာ သံဃာတော်များအား အစွမ်းကုန် ထောက်ခံပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီတရားဟာ ကမ္ဘာကြီးကရော တပည့်တော်တို့နိုင်ငံကပါ ဒီကာလမှာ အလွန်တမင်း လိုအပ်နေတဲ့ တရားဖြစ်ပါတယ်ဘုရား။

သံဃာတော် အရှင်သူမြတ်တို့ဘုရား၊ သံဃာတော်များဟာ ကမ္ဘာ့သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နေသူများ ဖြစ်ပါတယ်။ အဲဒီတော့ လာမယ့် ခေတ်အဆက်ဆက်မှာ သံဃာတော်များအား ကြည်ညိုလေးစားစွာ ဆည်းကပ်သွားကြမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ သံဃာတော်တို့ရဲ့ သာသနာတော်က တရားဝင်ပေးအပ်တဲ့ မြင့်မြတ်တဲ့ လုပ်ငန်းတာဝန်များ အနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ပြီးတော့ ဒီလုပ်ငန်းဟာ နိုင်ငံနဲ့ ပြည်သူတွေအတွက် သံဃာတော်များ လုပ်ဆောင်နိုင်တဲ့ အမြင့်မြတ်ဆုံး နိုင်ငံရေးလည်း ဖြစ်ပါတယ်။ တပည့်တော်တို့ ပြည်သူတွင်းသို့ ဆင်းပြီး ညီညွှတ်ခြင်းနဲ့ မေတ္တာထားခြင်း ဓမ္မဒေသနာတော်တို့ကို ဟောကြားပါဘုရား။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံအနှံရောက်အောင် မြင့်မြတ်တဲ့ လွတ်လပ်ရေး ဓမ္မသတင်းကို သယ်ဆောင်ဖြန့်ချိတော်မူပါဘုရား။ လွတ်လပ်စွာ ဘာသာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ နေရာမရွေး အချိန်မရွေး ဓမ္မဒေသနာတော်ကို ဟောပြောဖြန့်ချိခွင့်၊ ကြောက်ရွံ့ခြင်း၊ မသိနားမလည်ခြင်း၊ အယူသည်းခြင်းစသည်တို့မှ လွတ်လပ်ခွင့်၊ ပြည်သူတွေ မိမိတို့ကိုယ်ကိုမိမိတို့ အားကိုးလာအောင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနဲ့ တခြားနယ်ပယ်တို့မှာပါ မိမိတို့ကိုယ်ကိုမိမိတို့ ပြန်လည်တည်ဆောက်လာအောင် လွတ်လပ်စွာ ဟောဖော်ညွှန်ပြ ဆုံးမခွင့်ဆိုတဲ့ လွတ်လပ်ရေးတရားတို့ကို ဆိုလိုပါတယ်ဘုရား။ လျှောက်ထားတဲ့ ဒီတာဝန်တွေသာမက အခြားပိုမိုများပြားတဲ့ မွန်မြတ်တဲ့ လုပ်ငန်းတာဝန်တွေဟာ သံဃာတော်များရဲ့ ရှေ့မှောက်မှာ ရှိပါတယ်ဘုရား။ ဒီလုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ အဆင့်သို့မီအောင် မိမိတို့ကိုယ်ကိုမိမိတို့ တိုးမြှင့်ပေးရမလား၊ မြှင့်တင်မပေးဘူးလားဆိုတဲ့ မေးခွန်းရဲ့အဖြေကတော့ သံဃာတော်တို့ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပါတယ်ဘုရား ´´

မင်းသုတ၏
`ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့်
ပြောကြားခဲ့သော မိန့်ခွန်းများ´ စာအုပ်မှ။

လှိုင် တိုး - မှ ပြန်လည် မျှဝေလိုက်ပါတယ်..။

{ ကံကောင်းစေသော ယတြာအဆောင် }

တစ်ခါတုန်းက တံငါသည်တစ်ယောက်

် လှေတစ်စီးနဲ့ ငါးရှာထွက်တယ်။တံငါသည်ဟာ ရေပြင်
ပေါ်ကို ငါးများရဲ့မရဏကွန်ကို ဖြန့်ချလိုက်တယ်။တံငါသည် ကွန်ကိုပြန်ဆယ်လိုက်ချိန်မှာ ငါးရံ့၊
ငါးခူနဲ့ ငါးပြေမ စတဲ့ငါးသုံးကောင်ဟာ ကွန်ရဲ့ပိုက်တွေကြားမှာ ငြိပါလာတယ်။ထို့နောက် တံငါသည်ဟာ ငါးသုံးကောင်ကို ပိုက်တွေကြားကဖြုတ်ပြီးလှေဝမ်းထဲကို ပစ်ထည့်လိုက်တယ်။
ငါးသုံးကောင်ထဲက ငါးပြေမက ကျန်တဲ့ ငါးနှစ်ကောင်ကို ဤသို့ စကားဆိုတယ်။

" ငါက ဝီရိယကို အားကိုးတယ်...မင်းတို့ကောအားကိုးရှိကြသလား...."

ထိုအခါ ငါးရံ့က
" ငါကတော့ ဉာဏ်နဲ့ ဝီရိယကို အားကိုးတယ် "လို့ဆိုတယ်။

" ငါကတော့ ကံ ကိုပဲယုံကြည်တယ် ..."လို့ ငါးခူက ဖြေတယ်။

ဝီရိယ အားကိုးတဲ့ ငါးပြေမက သူ့ရဲ့ဝီရိယအားကိုးနဲ့ လှေရဲ့ဘေးဘောင်ကို ကျော်ပြီးရေထဲကို
ခုန်ဆင်းဖို့ အကြိမ်ကြိမ် ကြိုးစားတယ်။ဒါပေမယ့် လှေရဲ့ဘေးဘောင်နဲ့ရိုက်မိပြီး လှေဝမ်းထဲကို အကြိမ်ကြိမ် ပြန်ကျလာတယ်။လှေဝမ်းထဲမှာတဖျတ်ဖျတ်ခုန်နေတဲ့ ငါးပြေမကို တံငါသည် သတိ
သတိထားမိသွားတယ်။တံငါသည်က ခုန်နေတဲ့ ငါးပြေမကို ငြိမ်သွားအောင် လှေပေါ်မှာအဆင်သင့်ရှိနေတဲ့ သစ်သားတုံးနဲ့ ငါးပြေမခေါင်းကို ထုလိုက်တယ်။ငါးပြေမ ငြိမ်ကျသွားတယ်။မခုန်နိုင်တော့။ဉာဏ်နဲ့ ဝီရိယအားကိုးတဲ့ ငါးရံ့က အခွင့်အရေးကို စောင့်နေတယ်။တံငါသည် ကွန်ပစ်တဲ့အခါ လှေက မငြိမ်ပဲ ရေပေါ်မှာလူးနေတယ်။လှေ
က ရေပေါ်မှာ လူးနေတဲ့အချိန် လှေရဲ့ဘေးဘောင်စောင်းသွားချိန်မှာ ငါးရံ့က ဘေးဘောင်ကို အသာလေးခုန်ကျော်ပြီး ရေထဲသို့ဆင်းနိုင်ခဲ့တယ်။ကံ ကိုသာအားကိုးတဲ့ ငါးခူက တစ်ချက်
ကလေးမှ မခုန်ပဲ လှေဝမ်းထဲမှာ ငြိမ်နေတယ်။ကံကောင်းရင် လှေဝမ်းထဲကနေ လွတ်မြောက်လိမ့်
မယ်လို့ ယုံကြည်နေတဲ့ ငါးခူဟာ နောက်ဆုံးမှာတော့တံငါသည်ရဲ့ ညနေစာစာရင်းထဲမှာ ငါးပြေမနဲ့
အတူ ပူးတွဲပါဝင်သွားပါတော့တယ်။

..................................................

" မိတ်ဆွေ.....
ဉာဏ် နဲ့ ဝီရိယ ကိုသာ ယုံယုံကြည်ကြည်
အားကိုးပြီး ဆောင်ထားလိုက်ပါ၊
သင့်ဆီသို့ ကံကောင်းခြင်းတွေ ရောက်ရှိ
လာပါလိမ့်မယ် "

ဦးတိုးအောင်

စိတ်အကြောင်း (နှိုင်းရင့်နွေ)

၁) လူတော သိပ်မတိုးတဲ့သူတွေဟာ တစ်ခါတစ်လေမှာ လူမှုရေးခေါင်းပါးတဲ့သူတွေ မဟုတ်ကြတာ ကို တွေ့ ရတတ်ပါတယ်... သူတို့ဟာ ဟန်ဆောင်လောကကြီးနဲ့ အယောင်ဆောင်လူတွေကို သည်းမခံနိုင်ကြ လို့ ဖြစ်ပါတယ်....

၂) သုတေသနပြုလုပ်ချက်တွေအရ ဘယ်သန်တွေဟာ တီထွင်နိုင်စွမ်းပိုမြင့်မားပြီး ပိုတော်တဲ့ အနုပညာရှင်ကောင်းတွေဖြစ်တယ်လို့ တွေ့ရှိရပါတယ်....

၃) ရယ်မောခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေအပေါ် ၂၀ % လောက် ပိုမိုကောင်းမွန်စေပါတယ်...

၎) သင်တကယ်ချစ်တဲ့သူအပေါ် အမြဲဒေါသထွက်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.... ၃ ရက်ထက်ပိုပြီး ဒေါသထွက်နေမယ်ဆိုရင် သူ့ကိုသင်မချစ်တော့လို့ပါပဲ....

၅) တစ်စုံတစ်ခုကိုရဖို့ သင်အချိန်ကြာကြာစောင့်ဆိုင်းရလေလေ... အဲ့ဒီအရာကို ရရှိတဲ့အခါ သင်ပိုပြီး ကျေနပ်နှစ်သိမ့်မှုရှိလေလေပါပဲ...

၆) အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ် ဒေါသထွက်တတ်တာမျိုးကို Misophonia လို့ခေါ်ပါတယ်... သင့်ဘေးမှာ တစ်ယောက်ယောက်က အသက်ခပ်ပြင်းပြင်းရှူနေတာတို့ အစားအစာကို အသံမြည်အောင်စားနေတာတို့အပေါ် ဒေါသထွက်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်....

၇) ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဘယ်တော့မှ မဆုံးရှုံးခဲ့ကြပါဘူး... ဘယ်သူတွေက မိတ်ဆွေသူငယ်ချင်းအစစ်တွေလဲဆိုတာကိုသာ လေ့လာသိရှိခဲ့ရတာဖြစ်ပါတယ်....

" တွေ့  ခဲ့ ရ သည့် စာ တန်း များ "

တိရစ္ဆာန်ရုံရှေ့  - ၀က်ဝံကို မထိပါနဲ့ ..၊ ၄င်းသည် ကုတင်ဘေးက ကော်ဇော မဖြစ်သေးပါ..။

လေဆိပ်အတွင်း - အချိန်မီ ဖက်ရမ်း နှုတ်ဆက်ကြပါ..၊ လေယာဉ်များ သတ်မှတ်ချိန်တွင် အတိအကျ ထွက်လိမ့်မည် ။

ပန်းဆိုင်တံခါးရှေ့ - အိမ်ထောင်ရှင် ယောင်္ကျားများပင် ၀ယ်ချင်စိတ်ပေါ်လောက်အောင် ကျွန်ုပ်တို့  ဆိုင်က ပန်းများ ဈေးနှုန်း ချိုသာပါသည် ။

တယ်လီဖုန်းရုံရှေ့ - သတ်ပုံအမှားများကို ရှောင်ရှားလိုလျှင် စာမရေးပါနှင့် ။ တယ်လီဖုန်းပဲ ဆက်ပါ.။

ချစ်သူကောင်လေးတွေ သိဖို့ပြန်လည်မျှဝေပါတယ်

( ၁ ) အချစ်ဆုံးသူ မိန်းကလေးတွေအတွက် ရည်းစာဦးဆိုတာ တသသတမ်းတရတဲ့ ချစ်သူမဟုတ်ပါဘူး မိန်းကလးတစ်ယောက် ရည်းစားဘယ်လောက်ရှိခဲ့ပါစေ လက်ရှိချစ်သူသာအချစ်ဆုံးပါပဲ သံသယဆိုတာ သံယောဇဉ်ကိုဖြတ်နိုင်တဲ့ ဓားတစ်လက်ပဲ … !…

( ၂ ) ချော့ပါ စိတ်ကောက်တာ မိန်းကလေးသဘာဝပါ စိတ်ကောက်တယ်ဆိုတာ တကယ်တော့မလွယ်ပါဘူး ( မယ်ပိုးရဲ့ စိတ်ကောက်ချင်းအနုပညာမှာ အပြည့်အစုံပါပါတယ် )အချစ်ဆိုတာ ကတ်ထူစာအုပ်တစ်အုပ်ဆိုရင် စိတ်ကောက်တယ်ဆိုတာ စာမျက်နှာလေးတွေပါပဲ စိတ်ကောက်တယ် ပြန်ချော့တယ်ဆိုတာ ချစ်သူ့ရွာရဲ့ သိပ်ချစ်စရာကောင်းတဲ့ ဓလေ့လေးပါ … …

( ၃ ) ဦးစားပေးပါ game (or) အလုပ် ကြောင့် . . . ကိုယ့်ချစ်သူက တွေ့ဖို့ စကားပြောဖို့ချိန်းရင် ဘယ်တော့မှ မငြင်းလိုက်ပါနဲ့ မိန်းကလေးတွေ အချစ်စိတ်ဆိုတာ ကိုယ့်ချစ်သူက ဂရုစိုက်တာလိုချင်တယ် ကိုယ့်တစ်ယောက်ထဲပဲ ချစ်နေစေချင်တယ် အစစ အရာရာ ဦးစားပေးတာလိုချင်တယ် ဆပ်ပြာပူဖောင်းလေးတစ်လုံးကို လေထဲက မကျအောင်ဂရုစိုက်သလို သူတို့ကို ချစ်စေချင်တာ …

( ၄ ) သီးသန့်ဆရာမ အရက် ၊ စီးကရက် ၊ ဘီယာ ၊ မိန်းမ မလုပ်စေချင်တာ သူ့အတွက်မဟုတ်ပါဘူး ကောင်လေးအတွက်ပါ စီးကရက်သောက်ရင် ကောင်လေးအသက်တိုမယ် ရုပ်ရင့်မယ် အရက်သောက်ရင် အသဲကျွမ်းမယ် ၊ အသေစောမယ် မိန်းမလိုက်စားရင် ငွေကုန်မယ် ၊ AIDS ဖြစ်မယ် တကယ်တမ်း ခံရမှာက ကောင်လေးပါ ကောင်မလေးမဟုတ်ပါဘူး ချစ်သူဆိုတာ တစ်ဦးတည်းသီးသန့်ဆရာမတစ်ဦးပဲ သူ့မှာ ကြိမ်လုံးလေးနဲ့တူတယ့် နူတ်ခမ်းစူစူလေးတွေရှိတယ် …

( ၅ ) မိန်းကလေးအချစ်ဆိုတာ ရွှေ ၊ ငွေ ၊ ဂုဏ်ဒြပ် အဓိကမဟုတ်ပါဘူး ကိုယ့်ချစ်သူက မစားရ ဝခမန်းပြောနေရင်ပဲ မဟုတ်မှန်းသိလျက်နဲ့ ယုံကြည်ပေးနေတက်တာ ချစ်သူကလွဲရင် ကျန်တာဘာမှမလိုချင်တဲ့စိတ်ရှိသူတွေပါ ပုံပြင်လေးတောင်ရှိပါတယ် တိုင်းပြည်တစ်ပြည်အသိမ်းခံရတော့ စစ်နိုင်ဘုရင်က နန်းကျမိဖုရားကို နှစ်သက်ရာ တနိုင်ယူပြီးနန်းတော်ကထွက်စေဆိုတော့ သူ့ယောက်ျားစစ်ရှုံးဘုရင်ကို ထမ်းပြီးထွက်သလိုပေါ့ . . . မိန်းကလေးတွေက အံ့သြစရာကောင်းလောက်အောင် ချစ်တက်ကြပါတယ် … … … …
( ၆ ) L O V E ကောင်လေးတွေက အပြောလေးနဲ့ပဲချစ်တက်ကြတာပါ ကောင်မလေးတွေက ဘဝနဲ့ချီပြီးချစ်ကြရတာ ကောင်မလေးတိုင်းကတော့ ဘုရင်မဖြစ်ခွင့်ရချင်တဲ့သူတွေချည်းပါပဲ ဒါပေမယ့် အဲ့သည့်နန်းတော်မှာ သူချစ်တဲ့ကောင်လေး ဘုရင်ဖြစ်နေမှပါ သူ့ချစ်သူမရှိတဲ့ အရပ်ဆို ဧကရီ မကလို့ … ဧကရာဇ်ဖြစ်ခွင့်လည်းမလိုချင်ဘူး ချစ်သူ့တဲအိုလေးမှာပဲ သခင်မ လုပ်ချင်ကြတာ . . .

Ulay Kyi ( ကိုလင်း )

Sunday, July 20, 2014

လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ

ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့၊ ချွေတာတဲ့၊ အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။ မိခင်ရဲ့အပြုအမူ၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်ပါတယ်။ ဒီသက်ရောက်မှုကို လူတွေ သေသေချာချာမတွေးတောခဲ့ဖူးသလို အသိအမှတ်လည်း မပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။

ငယ်ရာကနေ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက် မိခင်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာ မိခင်ရဲ့အရာအားလုံးဖြစ်တဲ့ အပြုအမူ၊ မိခင်ရဲ့အတွေး၊ မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာ မသိမသာနဲ့ သားသမီးပေါ်ကို သက်ရောက်စေနိုင်ပါတယ်။
-------

"ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်"

လူအများရဲ့အတွေးထဲမှာ မိန်းမဆိုတာ အားနည်းပျော့ညံ့သူလို့ တွေးထင်ထားကြတယ်။ "သန်မာကြံ့ခိုင်" ဆိုတဲ့စကားက ယောက်ျားတွေအတွက်ပဲလို့ ထင်ခဲ့ကြတယ်။

တကယ်တမ်းတော့ ဘဝမှာဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အဲဒီအခက်အခဲကို မတွန့်မဆုတ်၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေသူတွေဟာ အားနည်းပျော့ညံ့တယ်လို့ လူတွေထင်ထားကြတဲ့ မိန်းမတွေပဲဖြစ်တယ်။ မိန်းမတွေဟာ တခြားဘက်တွေမှာလည်း ယောက်ျားတွေထက် ပိုကြံ့ခံ၊ ပိုသန်မာတဲ့ အင်အားတွေရှိပါတယ်။

လင်ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမမိခင်တစ်ဦးဟာ သားသမီး(၉)ယောက်ရှိတဲ့ မိသားစုတစ်စုကို တစ်ယောက်တည်း ပခုံးထမ်းတာဝန်ယူခဲ့တယ်။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ ဘယ်လိုအခက်အခဲကမှ အဲဒီမိခင်ရဲ့ခြေလှမ်းနဲ့ယုံကြည်မှုကို မယိုင်လဲစေနိုင်ခဲ့ဘူး။ မိခင်ဆုံးတော့ သားသမီးတွေက မိခင်ကိုဖခင်ရဲ့ အုတ်ဂူဘေးမှာ အတူမြှုပ်နှံ့ပေးပြီး ဂူရှေ့မှာ "မိခင်သစ်ပင်"တစ်ပင်ကို စိုက်ထူခဲ့တယ်။ အဲဒီသစ်ပင်က မြင့်မြတ်၊ ကြံ့ခိုင်တဲ့မိခင်ကို အထိမ်းအမှတ်ပြုတဲ့သစ်ပင်ဖြစ်တယ်။
---------

"သဘောထားကြီးမြတ်တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ပြည့်စေနိုင်တယ်"

မိန်းမတွေကို ရင်ဘတ်ကျဉ်းတယ်၊ စိတ်သဘောထား သေးသိမ်တယ်လို့ ဟိုရှေးယခင်ကတည်းကနေ ဒီနေ့ထိ လူတွေစာဖွဲ့ခဲ့ကြတယ်။ တချို့ကလည်း မိန်းတွေဟာ ဆံပင်သာရှည်တယ်၊ ဗဟုသုတနည်းတယ်လို့ ဆိုကြတယ်။ လောကမှာ ယောက်ျားတွေရဲ့စိတ်သဘောထားကပဲ ချောက်ကမ်းပါးထက် ကြီးသလို၊ မိန်းမတွေရဲ့စိတ်သဘောထားက တောင်တန်းကြားက လမ်းကျဉ်းတွေလို ဆိုခဲ့ကြတယ်။

တကယ်တမ်းတော့ မိန်းမတွေရဲ့ စိတ်သဘောထားကြီးပုံက လေးစာအတုယူဖို့ကောင်းတယ်။ ဒီလို စိတ်သဘောထားကြီးတဲ့ မိန်းမတွေကြောင့် မိခင်တစ်ဦးရဲ့ ကြီးမြတ်ကျယ်ပြန့်တဲ့ရင်ဘတ်ဟာ သားသမီးတွေအပေါ် ဘယ်လောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခဲ့ရတယ်။

ယောက်ျားစွန့်ပစ်သွားတဲ့ အမျိုးသမီးတစ်ဦးဟာ လူမမယ်ကလေးငါးယောက်ကို ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ဒါဟာ ကြီးမြတ်တဲ့ မိခင်တစ်ဦးရဲ့ စိတ်သဘောထားဖြစ်တယ်။
---------

"ကြင်နာတတ်တဲ့မိခင်တစ်ဦးက သားသမီးတွေကို ကရုဏာတရား၊ စာနာရိုင်းပင်းတတ်မှုရှိစေတယ်"

လူ့လောကကြီးမှာ ကြောက်စရာအကောင်းအရာက အပြုအမူရက်စက်ခြင်းနဲ့ လျစ်လျူရှုခံရခြင်းဖြစ်တယ်။ ဒီအရာနှစ်ခုကို လူအများရှောင်လွဲနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မခန့်မှန်းနိုင်ကြဘူး။

"ကရုဏာတရား၊ စာနာရိုင်းပင်းမှု"က သင်ယူလေ့ကျင့်လို့ရတယ်ဆိုပေမယ့် တကယ့်ရင်းမြစ်က ကြင်နာတတ်တဲ့ မိခင်ကနေလာတာဖြစ်တယ်။

ဘီလ်ဂိတ်က မိခင်ဆီကနေ "ကရုဏာတရားနဲ့ အကြင်နာတရား" ကို သူရခဲ့ပါတယ်လို့ ဆိုတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲဒေသတွေအတွက် ဘီလ်ဂိတ်လှူဒါန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြင်နာတတ်တဲ့မိခင်တစ်ဦးရဲ့ သားသမီးအပေါ် အကျိုးသက်ရောက်မှုကို တွေ့မြင်နိုင်ပါတယ်။
--------------

"တည်ငြိမ်တဲ့မိခင်တစ်ဦးဟာ သားသမီးတွေကို ဝီရိယရှိစေတယ်"

စာပေအများစုမှာ ဒါမှမဟုတ် ရုပ်ရှင်ဗီဒီယိုတွေထဲမှာ ရေးသားပြသတတ်တာတွေက အခက်အခဲကြုံချိန်၊ ဆင်းရဲဒုက္ခနဲ့တွေ့ချိန် မိခင်တွေဟာ အော်ဟစ်ငိုယိုမယ်၊ ဒါမှမဟုတ် မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်မယ်ဆိုတာပဲဖြစ်တယ်။ တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေ့မြင်နေတာတွေက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့ မိခင်တွေရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အပြုအမှုတွေဖြစ်တယ်။ ဒီလိုအပြုအမူတွေက ဘာစကားလုံး ဘာခံစားချက်နဲ့မှ ဖော်ပြလို့မရနိုင်အောင် ရင်ထဲတစ်သက်စွဲငြိစေပါတယ်။
-----------

"နူးညံ့သိမ်မွေ့တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့ အရည်အသွေးကို အရိပ်ထင်စေတယ်"

လူတိုင်းရဲ့ကိုယ်ပေါ်မှာ နူးညံ့သိမ်မွေ့ခြင်းတွေရှိတယ်။ ဒါဟာ လူတစ်ယောက်ရဲ့အရည်အသွေးဖြစ်တယ်။ အရည်အသွေးကောင်းမှ လုပ်သမျှ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

မိခင်က လူကြီးသူမတွေကို ရိုသေတယ်၊ ကလေးငယ်တွေကို ချစ်ခင်တယ်ဆိုရင် သားသမီးတွေကလည်း ဒါတွေကို အလိုလိုနဲ့ သင်ယူနေကြတယ်။ မိခင်က ချွေတာတယ်ဆိုရင် သားသမီးတွေက အလိုလိုနဲ့ အသုံးအဖြုန်းမကြီးတော့ဘူး။ မိခင်က စည်းကမ်းတကျရှိတယ်ဆိုရင် သားသမီးတွေက အနေအထိုင်မှာ ပရမ်းပတာမဖြစ်တော့ဘူး။
----------

"ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ်"

ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့တွေးတောမှုကို အကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲတဲ့တွေးတောမှုကို ပေးနိုင်ပါတယ်။ ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီး တဖြည်းဖြည်း လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။

ပညာကြွယ်တဲ့မိခင်တစ်ဦးဟာ ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ နေ့စဉ်ဘဝတိုင်း ကလေးငယ်အပေါ် နည်းနည်းချင်းစီ သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊ သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊ စိတ်သဘောထားကြီးမြတ်ခြင်းတွေ၊ ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။ အဲဒီအရာတွေကို သားသမီးတိုင်း သိမြင်၊ သင်ယူတတ်ဖို့ပဲ လိုပါတယ်။

မူရင်းလင့် -- http://www.duwenzhang.com/wenzhang/qinqingwenzhang/20110202/169664.html

နိုင်းနိုင်းစနေ (Friday, April 29, 2011)
.