ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ
Wednesday, June 11, 2014
အဇူရီ ရဲ့ ကဗျာ
မျှော်​လင့်​ခြင်း မနက်​ဖြန်​များ 
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ 
အ​ဝေး ....
ငါတို့နှစ်​​ယောက်​ရဲ့ ​ဝေးကွားခြင်းတဲ့ 
ငါ​တွေးကို မ​တွေးမိတဲ့ အဖြစ်​က 
မင်းထွက်​သွားတဲ့ အချိန်​ကစ 
လက်​​တွေ့ ကျကျဖြစ်​လာပြီးတဲ့​နောက်​ .....
အလွမ်း.. ..
တခမ်းတနား ​မျှော်​လင်​မှု​တွေနဲ့ 
ငါ့ အလွမ်း​တွေကို မင်းမှန်းဆမိမှာပါ ....
ချစ်​သူ​ရေ.. .
ပိုင်​ဆိုင်​ခွင့်​မရှိ​တော့မဲ့ မနက်​ဖြန်​မှာ 
မင်းနဲ့ငါက တစ်​​ယောက်​တကမ္ဘာ 
အဲဒီ အဖြစ်​က ....
မျှော်​လင့်​ချက်​ ​တွေကို စ​တေးရ 
ငါတို့က ....
ပျော်​ရွှင်​မှု​တွေနဲ့ ​ဝေးကြရ 
အဲဒီလို ဘဝမှာ မင်းအဆင်​​ပြေပါမလား ....
ပြန်​လာလိမ့်​မယ်​ တမ်းတ ရင်း 
ညနက်​နက်​​တွေကို အ​ဖော်​ပြုရင်း 
စီးဆင်း​နေတဲ့ ငါ့အလွမ်း​တွေထဲမှာ 
မင်း နင်း​လျောက်​ဖို့ 
လမ်းတံတား​တွေ ခင်းမိ .....
ချစ်​သူ​ရေ.. ...
ပျော်​ရွှင်​မှု​တွေ ဆိတ်​သုဉ်းမှ​တော့ 
ဘဝက လှတယ်​လို့ ဆိုလို့ရပါဦးမလား 
ငါ့လက်​​တွေ ဆန့်​တန်းထားပါတယ်​ ....
တကယ်​ပါ 
အ​တွေးနဲ့ နီး​နေရတဲ့ အဖြစ်​က 
မင်းငါ့အနား​ရောက်​လာဖို့ 
တကယ်​ကို ပို​မျှော်​လင့်​မိပါရဲ့......
အဆုံးသတ်​ မဲ့​နေတဲ့ မနက်​ဖြန်​ ​တွေထဲမှာ 
ငါ့​မျှော်​လင့်​မှု​တွေ ပြည့်​လာမယ့်​ တ​နေ့ကိုလဲ 
အခုထိ ​မျှော်​လင့်​မိဆဲပါ ......
                     အဇူရီ 
valentinen day poetry မှ 
No comments:
Post a Comment
သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ