ကမ္ဘာလောကကြီးရေ ငါ့ကိုမင်းချစ်လို့..........
ငါပူတဲ့အခါမှာ...
လေညှင်းလေးတွေ ပို့လာပေးတယ်...
ငါဆွေးတဲ့ အခါ
တေးသွားလေးတွေ ပို့လာပေးတယ်
ငါမောတဲ့အခါ
နွေးထွေးတဲ့အပြုံးလေးတွေ ပို့လာပေးတယ်....
အမေ့ရင်ခွင်က ကလေးပေါက်စလေးလို
နွေးထွေးမှု့ အရာမှာ
ငါလေ...မဟာပါပဲ ....
ဘာလို့လဲဆိုတော့
ကမ္ဘာလောကကြီးရေ
ငါ့ကို မင်းချစ်လို့ ....။
ငါတွေဝေနေတဲ့ အချိန်မှာ
မင်း ငါကို
ယုံကြည်မှု ပန်းရနံ့တွေ ပေးတယ်
ငါ စိတ်ဓာတ်ကျနေချိန်မှာ
မင်း ငါ့ကို
လေညှင်းစိတ်ခွန်အားတွေ ပေးတယ်
ငါမှားနေတဲ့အခါ
မင်းငါ့ကို အချိန်ပေးပြီးသင်ပြတယ်
လောကဓံကို တိုက်ခိုက်နေရာမှာ
ငါလေ မဟာပါပဲ
ဘာလို့လဲဆိုတော့.....
ကမ္ဘာ လောကကြီးရေ
ငါ့ကို မင်းချစ်လို့.. ...။
မျက်ရည်ကြားက..
ငြိမ်းချမ်းမှုတွေ ရှာတတ်လာတယ်
ညည်းတွားခြင်းထဲက
ကဗျာလေးတွေရှာတတ်လာတယ်
အမှောင်ထုထဲမှာ
ဓမ္မတရားကို ရှာတတ်လာတယ်
ဓမ္မကိုစူးစမ်းခြင်းမှာ
ငါလေ မဟာပါပဲ
ဘာလို့လဲဆိုတော့
လောက ကမ္ဘာကြီးရေ
ငါ့ကို မင်းချစ်လို့.. ..။
ဆင်းရဲခြင်းတွေကို ကျော်တက်
ကိုယ်ချင်းစာတရား တွေ ငါရလာတယ်
အမေ့နို့ရည်တစ်စက်က ...
မေတ္တာ တရားတွေ .... ငါရလာတယ်
ဥပေက္ခာတောကိုဖြတ်
နွေးထွေးမှု့ တွေ ငါသင်လာတယ်
မေတ္တာအရာမှာ
ငါလေ မဟာပါပဲ
ဘာလို့လဲဆိုတော့
လောက ကမ္ဘာကြီးရေ
ငါ့ကို မင်းချစ်လို့.. .......။ ။
{ ဦးကောဝိဒ ဝစီပိတ်ဆရာတော် }
No comments:
Post a Comment
သူငယ်ချင်း များအားလုံးကျေးဇူးပါ