Friday, June 13, 2014
ကိုထင် {2}
ကိုထင်{ 1}
ကိုထင်
နွေ
Thursday, June 12, 2014
နှစ်ယောက်နှစ်နေရာ
~~~~~~~~~~~~~
နှစ်ယောက်ထဲကမ္ဘာမှာ....
နှစ်ယောက်ပေါင်းရင် လှေတစ်စီးဖြစ်တယ်
နှစ်ယောက်ပေါင်းရင် ကမ္ဘာတစ်ခုဖြစ်မယ်
နှစ်ယောက်ပေါင်းရင် ပျော်ရွှင်ခြင်းအတူရှိမယ်
နှစ်ယောက်ပေါင်းရင် မျှဝေခြင်းအတူရှိမယ်
နှစ်ယောက်ပေါင်းရင် အတားဆီးတွေ ကျော်လွှားလို့ရမယ်
နှစ်ယောက်ပေါင်းရင်ဒီထက်ပိုပြီး လွတ်လပ်ခွင့်ရှိမယ်...
တစ်ယောက်က တနေရာငေး
တစ်ယောက်တစ်ကမ္ဘာဆီဝေးလို့
ပျော်ရွှင်ခြင်းတွေ ဝေးလို့ ၊လွတ်လပ်ခွင့်တွေဝေးလို့
ကိုယ့်အတ္တနဲ့ ကိုယ့်မာန၊ ကိုယ့်အယူအဆနဲ့ ကိုယ့်လွတ်လပ်ခွင့်
ကိုယ့်ယုံကြည်ရာနဲ့ သူ့ယုံကြည်ရာ ၊ကိုယ့်ပိုင်ဆိုင်မှု့နဲ့ သူ့ပိုင်ဆိုင်မှု
အပိုင်းအခြားတွေခြား ......
ယုံကြည်မှု့တွေခြား....
ပိုင်ဆိုင်မှုတွေခြား.....
ယဉ်ကျေးမှုတွေခြား...
အဲဒီခြားကွယ်တဲ့စိတ်တွေကပဲ ခြားကွယ်မှုတွေကို
ပြန်လည်လက်ဆင့်ကမ်းတယ်
ညီညွှတ်တဲ့ ညီအစ်ကိုတွေကြား
သွေးစည်းတဲ့ အပေါင်းသင်းတွေကြား
ချစ်ခင်တဲ့ မိတ်ဘက်တွေကြား
ယုံကြည်ရတဲ့ သူငယ်ချင်းတွေကြား
နီးနေသလိုလိုပေမယ့် ....
ကျောခြင်းကပ်နေတဲ့ ရန်သူတွေ ဖြစ်ဖြစ်သွားကြတယ်.....
နိုင်းနိုင်းစနေ
.
နိုင်းနိုင်းစနေ
ကျွန်တော့်ဘဝမှာ ရွေးစရာလမ်းနှစ်လမ်းပဲရှိခဲ့တယ်...
(၁) မြန်မြန်သေမလား
(၂) ပျော်ပျော်ရွှင်ရွှင် လှလှပပရှင်သန်မလား
နံပါတ်(၂)ကို ကျွန်တော်ရွေးခဲ့ပါတယ်။
စန္ဒရားတီးရင် လက်နဲ့တီးရမယ်လို့ ဘယ်သူမှ မသတ်မှတ်ခဲ့ပါဘူး။-----လက်မဲ့စန္ဒရားဆရာ Liu Wei
လျှိုဝေကို ပီကင်းမြို့နေ သာမန်မိသားစုကမွေးဖွားခဲ့တယ်။ သူ့အသက်၁ဝနှစ်အရွယ်မှာ မတော်တဆမှုတစ်ခုကြောင့် လက်နှစ်ဖက်လုံးဆုံးရှုံးသွားခဲ့ရတယ်။ လက်မရှိတော့ပေမယ့် ဘဝကို သူအရှုံးမပေးခဲ့ဘူး။
အသက် ၁၂ နှစ်မှာ သူရေကူးသင်ခဲ့တယ်။ တစ်နိုင်ငံလုံး မသန်စွမ်းရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနှစ်ဆုကို သူရခဲ့တယ်။
အသက် ၁၆နှစ်မှာ ကွန်ပျုတာသုံးပြီး သူစာရိုက်သင်ခဲ့တယ်။
အသက် ၁၉နှစ်မှာ သူစန္ဒရားစသင်ခဲ့တယ်။
အသက်၂ဝမှာ စန္ဒရားပညာကိုအဆင့်၇အထိ သူတတ်ကျွမ်းခဲ့တယ်။
အသက် ၂၂နှစ်မှာ Guinness World Recordsကို သူစိန်ခေါ်ခဲ့ပြီး တစ်မိနစ်အတွင်းမှာ စာလုံးရေ ၂၃၃လုံး သူရိုက်နိုင်ခဲ့တယ်။
ကမ္ဘာမှာ ခြေထောက်နဲ့စာအမြန်ဆုံးရိုက်နိုင်သူအဖြစ် စံချိန်တင်ခဲ့တယ်။
အသက်၂၃နှစ်အရွယ်မှာ Vienna Musikverein ကမ္ဘာ့ဂီတစင်ပေါ်သို့ သူတက်ရောက်နိုင်ခဲ့တယ်။
အဲဒီအသက်အရွယ် ၂ဝ၁ဝခုနှစ်မှာပဲ China Got Talent ပြိုင်ပွဲမှာ သူပထမရခဲ့ပါတယ်။
နေရာမှား
နေရာမှား
“တချို့လူတွေက တကယ့်ကို ခက်ခဲနက်နဲတဲ့ပြဿနာကြီးတွေကို အလွယ်လေး
ဖြေရှင်းသွားကြတယ်။ တချို့ကတော့အသေးအမွှားလေးပြဿနာလေးမှာ ဒေါသတွေထွက် ယောက်ယက်ခတ်ပြီး၊
ရေတိမ်မှာနစ်ကြရတယ်။” အဲဒါ ဘယ်လိုဖြစ်တာလဲလို့ ကျွန်တော် မေးကြည့်လိုက်ပါတယ်။
အောက်ပါပုံပြင်လေးကို ပြောပြပြီး၊ ကျွန်တော့်ရဲ့မေးခွန်းကို
ရာမတ်ခ်ျ ပြန်ဖြေပါတယ်။
“တခါတုန်းက လူတစ်ယောက်ရှိတယ်။ သူ့ရဲ့ဘဝတစ်ခုလုံးကို ကြင်နာတဲ့နှလုံးသားနဲ့
ဖြတ်သန်းအသက်ရှင်ခဲ့တယ်။ သူ သေဆုံးတဲ့အခါ ဒီလူ ကောင်းကင်ဘုံရောက်လိမ့်မယ်လို့ လူတွေအားလုံးတွေးကြပါတယ်။ ဒီလိုလူကောင်းတစ်ယောက် သွားရမယ့်နေရာက ကောင်းကင်ဘုံကလွဲလို့ မဖြစ်နိုင်ဘူးလို့
ဆိုကြပါတယ်။ ထိုလူဟာ ကောင်းကင်ဘုံကို အခက်အခဲမရှိရောက်သွားခဲ့ပါတယ်။
အဲဒီအချိန်ကကောင်းကင်ဘုံဆိုတာ အခုလို မဟုတ်ပါဘူး။ လက်ခံတဲ့ကြိုဆိုရေးကောင်တာ ထိထိရောက်ရောက်အလုပ်မလုပ်ပါဘူး။ကောင်တာက ကောင်မလေးက ထိုလူကို ကြည့်လိုက်၊ သူ့လက်ထဲမှစာရင်းကို ကြည့်လိုက်လုပ်ပါတယ်။
သူ့လက်ထဲမှစာရင်းမှ ထိုလူ့နာမည်ကို မတွေ့တဲ့အခါ ငရဲပြည်ကို သွားဖို့ပြောလိုက်ပါတော့တယ်။
ငရဲပြည်ရောက်တဲ့အခါဂိတ်မှာ ဖိတ်စာတွေ၊ အဆင့်အတန်းတွေကို စစ်ဆေးမနေပါဘူး။ အလှည့်ရောက်လာတဲ့လူကို ဝင်ခွင့်ပြုလိုက်တာပါပဲ။ထိုလူ့ အလှည့်ရောက်တဲ့အခါ သူ အထဲကို ဝင်ပြီး၊ နေလိုက်ပါတော့တယ်။
ရက်ပေါင်းအတော်ကြာတဲ့အခါ၊
ငရဲမင်းလူစီဖါ ကောင်းကင်ဘုံတံခါးရှေ့ကို ဒေါသတကြီး ရောက်လာပြီး၊ စိန့်ပီတာဆီမှာ ဖြေရှင်းချက်ပေးဖို့တောင်းဆိုပါတယ်။
“ခင်ဗျားရဲ့လုပ်ရပ်ကတော့ တကယ့်ကို အကြမ်းဖက်လုပ်ရပ်ပဲဗျ။”
လို့ ငရဲမင်း ပြောလိုက်တယ်။
စိန့်ပီတာကငရဲမင်းကို ဘာလို့ ဒီလောက်ဒေါသတကြီးဖြစ်နေတာလဲလို့ မေးပါတယ်။
ငရဲမင်းလူစီဖါက ဒီလိုပြန်ဖြေပါတယ်။
“ခင်ဗျား အဲဒီလူကို ကျုပ်ရဲ့ ငရဲပြည်ကို ပို့လိုက်တယ်လေဗျာ။သူက ကျုပ်ကို ပျက်စီးအောင် လုပ်နေတယ်ဗျ။သူရောက်လာတဲ့အချိန်ကစပြီး၊ သူများပြောတာကို နားထောင်ပေးတယ်။ လူတွေရဲ့ မျက်လုံးကို ကြည့်ပြီးစကားပြောတယ်။ နောက်တော့ လူတွေရဲ့ခံစားချက်တွေကို နားလည်ခံစားပေးတယ်။ ချစ်ခင်မှုကို ပြတယ်။လူတွေကို ဖက်တယ်။ နမ်းတယ်ဗျာ။ ကျုပ် ငရဲမှာ ဒီလိုအပြုအမူတွေကို မလိုချင်ဘူးဗျ။ ကျေးဇူးပြုပြီးသူ့ကို ကောင်းကင်ဘုံကို ခေါ်ပါတော့ဗျာ။”
ရာမတ်ခ်ျ သူ့ပုံပြင်လေးကို အဆုံးသတ်လိုက်ပါတယ်။ ကျွန်တော်ကို ချစ်ခင်စွာနဲ့ကြည်ပြီး ဒီလို ပြောလိုက်ပါတယ်။
“မင်းရဲ့နှလုံးသားမှာချစ်ခြင်းတရားကို ထည့်သွင်းပြီး၊ ဘဝကို
ရှင်သန်ပါ။ မှားယွင်းပြီး၊ ငရဲပြည်ကို
ရောက်ခဲ့လျှင်တောင် ငရဲမင်းကိုယ်တိုင် မင်းကို ကောင်းကင်ဘုံကို
လိုက်ပို့ပေးပါလိမ့်မယ်။”
( A Saint in the wrong place by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )
အလင်းသစ် ဘာသာပြန်သည်

ဝုခုံး
ငယ်ငယ်တုန်းက "အနောက်အရပ်သို့ ခရီးနှင်ခြင်း" စာအုပ်ကိုဖတ်တိုင်း သံသယတစ်ခုအမြဲဝင်ခဲ့တယ်။ စာအုပ်ထဲမှာပါတဲ့ ဘုန်းကြီးက ဘာဖြစ်လို့အစွမ်းမရှိတာလဲ၊ တရားရှာဖို့ ဘာဖြစ်လို့ စွန်ဝူခုန်းကို သူနဲ့အတူ လိုက်ပါစေသလဲပေါ့။ တကယ်လို့ စွန်ဝူခုန်းတစ်ယောက်တည်းသွားရင် အနှောက်အယှက်က ဒီထက်နည်းသွားနိုင်တယ် မဟုတ်လား။
နောက်တော့ ကျွန်တော်အသက်တဖြည်းဖြည်းကြီးလာပြီး အလုပ်ခွင်ထဲရောက်သွားခဲ့တယ်။ စစချင်းမှာ တခြားလူရဲ့ဦးဆောင်မှုအောက်မှာ ကျွန်တော်အလုပ်လုပ်ရတယ်။ နောက်တော့ တခြားလူတွေကို ကျွန်တော်ကဦးဆောင်ခဲ့တယ်။ ဒီလို တွေ့ကြုံပြီးတဲ့နောက်မှာ ဘာဖြစ်လို့ ဘုန်းကြီးက စွန်ဝူခုန်းကိုဦးဆောင်တယ်ဆိုတဲ့ သဘောတရားကို ကျွန်တော်သဘောပေါက်လာခဲ့တယ်။ တကယ်လို့ ဘုန်းကြီးက ဦးမဆောင်ခဲ့ရင် ဒီတရားရှာဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ကိစ္စကလည်း အောင်မြင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။
ဒီလိုဆိုရင် ဘုန်းကြီးမှာ ဝူခုန်းမရှိတဲ့အရာ ဘာရှိသလဲ။ ဘာကိစ္စကြောင့် ဘုန်းကြီးက ဦးဆောင်သူဖြစ်ခဲ့တာလဲ။ ဝူခုန်းကဘာကြောင့် အလုပ်လုပ်သူတစ်ယောက်ပဲ ဖြစ်ရသလဲ။
ပထမအချက် ဘုန်ကြီးမှာရှိပြီး ဝူခုန်းမှာမရှိတဲ့အရာက "မြင့်မြတ်တဲ့ယုံကြည်ချက်"ဖြစ်တယ်။ ဘုန်းကြီးက သူ့ရဲ့မြင့်မြတ်တဲ့ယုံကြည်မှုရှေ့မှာ အသက်ပေးဝံ့သူဖြစ်တယ်။ ဝူခုန်းကတော့ ဒါကိုမလုပ်နိုင်ခဲ့ဘူး။ ဝူခုန်းက အင်အားကြီးတယ်၊ သန်မာတယ်၊ ဒါပေမယ့် သူ့မှာ ကြံ့ခိုင်တဲ့၊ မပြောင်းလဲတဲ့ယုံကြည်ချက်မရှိခဲ့ဘူး။ ယုံကြည်ချက်မရှိသူက တခြားသူကိုလည်း ယုံကြည်မှုမပေးနိုင်သလို တခြားသူကိုလည်း မလှုံ့ဆော်နိုင်ဘူး။ အခက်အခဲနဲ့ကြုံတဲ့အခါ အလွယ်တကူ တွန့်ဆုတ်တတ်တယ်။ ဦးဆောင်သူကတောင် တွန့်ဆုတ်မှတော့ အဖွဲ့အစည်းရဲ့စည်းလုံးအားကလည်း လျော့သွားမှာပဲ၊ ပြိုပျက်သွားမှာပါပဲ။ ယုံကြည်ချက်က မမြင့်မြတ်လို့လည်း မဖြစ်ဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့ ယုံကြည်ချက်၊ ဒီလောက်ဆိုရပြီကွာဆိုတဲ့ ဖြစ်ကတတ်ဆန်းယုံကြည်ချက်က သင့်အနားကနေ လူတွေကိုခွဲထွက်သွားစေနိုင်ပါတယ်။
ဘုန်းကြီးက ဝူခုန်းထက် "မြင့်မြတ်တဲ့ယုံကြည်ချက်" ရှိခဲ့တယ်။ ဘုန်းကြီးက သူကိုယ်တိုင်မလုပ်နိုင်ပေမယ့် ဘယ်လိုလူကို အသုံးပြုရမယ်ဆိုတာသိတယ်၊ ပြီးတော့ မေတ္တာကရုဏာတရားရှိတယ်၊ လူမူပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ဒါကြောင့် ဘုန်းကြီးက ဦးဆောင်သူဖြစ်လာခဲ့ပြီး ဝူခုန်းကို ဦးဆောင်နိုင်ခဲ့တယ်။ ဝူခုန်းက ကျွန်တော်တို့စိတ်ထဲက သူရဲကောင်းဖြစ်ခဲ့တယ်ဆိုပေမယ့် သူဟာ ဘယ်တော့မှ မြင့်မြတ်တဲ့အလုပ်တစ်ခုကို ပြီးစီးအောင်မလုပ်နိုင်ခဲ့ဘူး။ ဘုန်းကြီးလို ဦးဆောင်သူတစ်ယောက်ကို သူမှီခိုရတယ်။ ဒီလိုသဘောတရားနဲ့ကြည့်ရင် ဘုန်းကြီးဟာ သူရဲကောင်းပါ။ အနည်းဆုံးတော့ သူဟာ ကျွန်တော်တို့လုပ်ငန်းရှင်တွေ လေးစားရတဲ့ သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။
*** စွန်ဝူခုန်းစာအုပ်ကိုဖတ်ပြီး စာရေးသူက လုပ်ငန်းရှင်၊ ဦးဆောင်သူတစ်ယောက်ရဲ့အမြင်နဲ့ ဒီစာကိုရေးသားထားဟန်တူပါတယ်။ ဖတ်မိတဲ့အဲဒီစာပုဒ်ထဲက ကျွန်မနှစ်သက်တဲ့ စာပိုဒ်ကိုပဲ ဘာသာပြန်ထားပါတယ်။ များများဖတ် များများတွေးနိုင်ပါစေ :D
.