တောင်ထိပ်ကလူ
(စိတ်ကူးပျော်ရာ)
(စိတ်ကူးပျော်ရာ)
တစ်ခါတော့ တောင်ထိပ်မှာ လူတစ်ယောက်ရပ်နေသတဲ့။ တစ်နေရာရာကို မျှော်ကြည့်နေတယ်။
အဲဒီအချိန်မှာ ခရီးသွားသုံးယောက်က ထိုလူ့ကို ကြည့်ကြတယ်။ ပြီးတော့ ပထမတစ်ယောက်က " ဒီလူ သူ့နွားပျောက်သွားလို့ ကြည့်နေတာဖြစ်မယ် "
ဒုတိယတစ်ယောက်က " မဟုတ်လောက်ပါဘူး ဒီလူ သူ့ချစ်သူကို မျှော်နေတာဖြစ်မယ် "
နောက်တစ်ယောက်ကတော့ " လေကောင်းလေသန့် တက်ရှုတာ နေမှာပါကွာ "

အဲဒါနဲ့ အဲဒီခရီးသွားသုံးယောက် ထိုလူအကြောင်းနဲ့ ရန်ဖြစ်လိုက်ကြတာ ထိုးမယ် ကြိတ်မယ် ဖြစ်ကြတယ်။ ရန်ဖြစ်ရင်းနဲ့ ငယ်ကျိုးငယ်နာတွေလဲ ပေါ်ကုန်တာပေါ့။ ညနေရောက်လို့ ခရီးသွားတွေ အရက်ဆိုင်ထိုင်တဲ့အခါမှာ ထိုးကြတော့တာပဲ။
အဲဒီမြို့က ရဲစခန်းကိုရောက်သွားတယ်။ ရဲစခန်းမှာ ရဲကမေးတာပေါ့။ မင်းတို့ ဘာလို့ ရန်ဖြစ်ကြတာလဲပေါ့။ သူတို့ကလဲ တောင်ထိပ်ကလူကြောင့်ပြောပြတာပေါ့။ အဲဒါနဲ့ ရဲစခန်းက ရဲတွေရော အနားကလူတွေရော တဟားဟားနဲ့ရယ်ကြတယ်။ သူတို့ကလဲ မေးလိုက်တယ် ဘာဖြစ်လို့လဲပေါ့။
ရဲတွေကတော့ ပြောလိုက်တယ် " အဲဒါ အရုပ်ကြီးကွ တောင်ထိပ်က အရုပ်ကြီးကို မင်းတို့ သေချာမလေ့လာဘဲ လူထင်ပြီး ငြင်းကြခုန်ကြ ရန်ဖြစ်လိုက်ကြသေးတယ် "
Credit : satekuupuyar
ဝေဖန်အကြံပြုစာများရေးသားလိုပါက cbox တွင်လာရောက်ရေးသားဖို့ဖိတ်ခေါ်ပါတယ်ဗျာ
ဝေဖန်အကြံပြုစာများရေးသားလိုပါက cbox တွင်လာရောက်ရေးသားဖို့ဖိတ်ခေါ်ပါတယ်ဗျာ
No comments:
Post a Comment
သူငယ်ချင်း များအားလုံးကျေးဇူးပါ