ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Friday, June 13, 2014

ကိုထင်{ 1}

Back to you
မင်းဆီသို့အပြန်(သို့)ကိုယ်ပြန်လာမယ့်အချိန်
I’ve been down – I’ve been beat
ဒီပုံစံနှစ်ခုလုံးဟာ present perfect tense နဲ့ရေးထားတာဆိုတာသိနိုင်ပါတယ်။ grammar usage အနေနဲ့ကတော့ “once in a life time” တစ်ဘဝမှာ တစ်ခါ၊ နှစ်ခါ လောက်ကြုံရတဲ့ အဖြစ်အပျက်တွေ၊ လုပ်ဖူးတဲ့ အကြောင်းအရာတွေကို ပြောချင်တဲ့အခါမှာ သုံးတဲ့ပုံစံမျိုးနဲ့ သုံးထားတာပါ။
I ငါဟာ၊ have been down စိတ်ဓာတ်ကျနေခဲ့တာ။ v to be ကို down နဲ့တွဲရေးတာဟာ စိတ်ဓာတ်ကျ တယ်ဆိုတဲ့အဓိပ္ပါယ်ကိုဆိုလိုတာဖြစ်တယ်။ ဥပမာ - I’m down ဆိုရင် ငါဟာ စိတ်ဓာတ်ကျနေတယ်လို့ ပြောတာ။ Perfect Tense ရဲ့ ပုံစံက have V3 ဖြစ်တဲ့အတိုင်း be ကို been နဲ့ရေးရတယ်။ နောက်တစ်ကြောင်း ….i ငါဟာ၊ have been beat ပင်ပန်းနေရတယ်။ beat ရဲ့အသုံးအများကြီးတွေထဲကမှ ဒီနေရာမှာ beat ဟာ adj ပါ။ သူ့ရှေ့က ကြိယာဟာ be ဖြစ်ရမယ်။ ဒါကြောင့် been beat လို့ရေးတာ။ သူဟာ ဘဝမှာ စိတ်ဓာတ်ကျစရာတွေ စိတ်ညစ်စရာတွေနဲ့ကြုံ နေခဲ့ရသလို လောကဓံတွေရဲ့အလဲထိုးမူတွေ ကိုခံရင်း ပင်ပန်းခဲ့ရတယ်တဲ့။

I’ve been so tired that I could not speak
Tired ကလည်း adj ဖြစ်တဲ့အတွက် been နဲ့ရေးပါတယ်။ ဒီမှာ မှတ်စရာတစ်ခုပါတာက….so sth that….ဆိုတဲ့ အသုံးပါ။ မြန်မာလိုအဓိပ္ပါယ်အားဖြင့် ……………………..လောက်အောင်………ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဥပမာ……she is so beautiful that I don’t dare to look at. သူမဟာ ငါမကြည့်ရဲလောက်အောင်ကို လှလွန်းတယ်လို့ ဆိုလိုတယ်။ များသောအားဖြင့်တော့ so …..နဲ့ that ကြားမှာ adj လိုက်လေ့ရှိတယ်။ ဒီစာကြောင်းရဲ့အဓိပ္ပါယ်ကတော့ I ငါဟာ၊ have been so tired that I could not speak စကားမပြော နိုင်လောက်အောင်ကို ပင်ပန်းခဲ့ပြီးပြီ။ သူဟာ လောကဓံရဲ့ထိုးနှက်ချက်တွေများလွန်းလို့ စကားမပြောနိုင် လောက်အောင်ကို ပင်ပန်းခဲ့ပြီးပြီတဲ့။
I’ve been so lost that I could not see
ဒီစာပိုက်က အပေါ်စာပိုဒ်နဲ့အရေးအသားချင်းအားဖြင့်အတူတူပါပဲ။ မှတ်စရာတစ်ခုက Lost ဆိုတဲ့စကားလုံး ပါပဲ။ ဒီစကားလုံးဟာ lose ဆိုတဲ့ V1 ရဲ့ past participle (v3) အဖြစ်လည်းသုံးနိုင်သလို adj အဖြစ်လည်း သုံးနိုင်တယ်။ ဒီနေရာမှာတော့ adj ပေါ့။ အဓိပ္ပါယ်အားဖြင့် …လမ်းပြောက်တာ၊ ဘဝမှာဘာမှရည်မှန်းချက် မရှိပဲနဲ့ လေနေတာကိုဆိုချင်တာ။  I ငါဟာ၊ have been so lost that I could not see ဘာကိုမှမမြင်နိုင်လောက်အောင်ကို လမ်းပြောက်နေခဲ့တာ။ သူဟာ စောစောကလောကဓံတွေရဲ့ ထိုးနှက် ချက်တွေ၊ ပင်ပန်းမှုတွေကြောင့် ဘဝမှာဘာကိုမှ မမြင်နိုင်လောက်အောင်ကို လမ်းပြောက် နေခဲ့တာတဲ့။
I wanted things that were out of reach
Want ရဲ့အသုံးနဲ့ ပက်သက်လို့ ဒီနေရာမှာ နဲနဲပြောစရာရှိတယ်။ want ရဲ့နောက်မှာ to infinitive (v1) လိုက်ရင် အဓိပ္ပါယ်က …….ကိုယ်ကိုယ်တိုင် ဖြစ်ချင်တာ….လို့ရတယ်။ ဥပမာ……….I want to eat an apple. I ငါဟာ၊ want လိုချင်တယ်၊ to eat စားဖို့၊ an apple ပန်းသီးတစ်လုံး။ ငါပန်းသီးတစ်လုံးစားဖို့လိုချင်တယ်။ မြန်မာလိုချောအောင်ပြောရင်…………..ငါပန်းသီးတစ်လုံးစားချင်တယ်။
Want ရဲ့နောက်မှာ somebody to infinitive လိုက်ရင်တော့ အဲဒီလူကို ကိုယ်ကဖြစ်စေချင်တာ။ လုပ်စေချင်တာ။ ဥပမာ………..I want you to help me.  I ငါက၊ want လိုချင်တယ်၊ you မင်းကို၊ to help ကူညီဖို့၊ me ငါ့ကို။ ငါကမင်းကို ငါ့ကိုကူညီဖို့လိုချင်တယ်။ မြန်မာစာအတိုင်းချောအောင်ပြောရရင် …….ငါ့ကိုကူညီစေချင်တယ်ကွာ...ပေါ့။
Want ရဲ့နောက်မှာ Noun ပုဒ်တွေလိုက်ရင်တော့ အဲဒီအရာတွေကိုကိုယ်က လိုချင်တာ။ ဥပမာ………….i want you. i ငါက၊ you မင်းကို၊ want လိုချင်တယ်။ ငါမင်းကို လိုချင်တယ်။
ဒီနေရာမှာတော့ I ငါက၊ wanted လိုချင်ခဲ့တယ်၊ things အရာတွေကို။ ဘယ်လိုအရာတွေလည်းဆိုတာကို တော့ that were out of reach ဆိုတဲ့ relative clause နဲ့ပြောပြတယ်။ out of reach  မမှီနိုင်၊ were ခဲ့သော။ အဓိပ္ပါယ်က ငါဟာ ငါမမှီနိုင်ခဲ့တဲ့၊ ငါလက်လှမ်းမမှီနိုင်ခဲ့တဲ့အရာတွေကို လိုချင်ခဲ့တာတဲ့။ ကောင်လေးဟာ ဘဝကို အကြီးကြီး မှန်းပြီး ကြိုးစားနေခဲ့တာ။ သူဟာ သူမမှီနိုင်တဲ့ အရာတွေကိုစိတ်ကူးရင်ခဲ့တာ။ ဒါပေမယ့် လောကဓံတွေနဲ့ပဲရင်ဆိုင်နေခဲ့ရတာ။

Then I found you and you helped me through and ya showed me what to do
Then အဲဒီအချိန်မှာပဲ။ အဲဒီအချိန်မှာပဲဆိုတာက သူအဲဒီလိုဘဝမှာ အကြီးကြီးတွေလိုချင်ပြီး စိတ်ညစ်လမ်းပြောက်နေရတဲ့အချိန်မှာမှ…. လို့ပြောတာ။
I ငါက၊ found တွေ့ခဲ့တာ၊ you မင်းကို၊ and ပြီးတော့၊ you မင်းက၊ helped ကူညီခဲ့တယ်၊ me ငါ့ကို၊ through တစ်လျှောက်လုံး၊ and ပြီးတော့၊ you မင်းက၊ showed ပြခဲ့တယ်၊ me ငါ့ကို၊ what to do ဘာလုပ်ရမလဲ ဆိုတာ။ အဲဒီအချိန်မှာ ငါမင်းကိုတွေ့ခဲ့တာ။ ပြီးတော့ မင်းက ငါ့ကိုတစ်လျှောက် လုံးကူညီခဲ့တယ်။ ပြီးတော့ ဘာလုပ်ရမလဲဆိုတာကိုလည်း လမ်းပြခဲ့တယ်။ သူဟာ ဘဝမှာ အကြီးကြီး တွေလိုချင်ပြီး လောကဓံကြောင့် စိတ်ဓာတ်ကျ၊ လမ်းပြောက်ပြီးလေနေခဲ့တဲ့ အချိန်မှာပဲ သူ့ချစ်သူကို တွေ့ခဲ့တာတဲ့။ ပြီးတော့သူ့ချစ်သူဟာ တွေ့ကတည်းကတိုင်း သူ့ကိုတစ်ချိန်လုံးလမ်းပြ ကူညီခဲ့တာ တဲ့။ ပါရမီဖြည့်ဖက်ပေါ့ကွာ။
That’s why I’m coming back to you…..
That အဲဒီဟာတွေကပဲ။ အဲဒီဟာတွေဆိုတာ သူ့ချစ်သူကသူ့အပေါ်ကို အဲလောက်ကောင်းခဲ့တာတွေကပဲ။ is ဖြစ်တယ်။ why ဘာကြောင့်၊ I’m coming back to you…..ငါမင်းဆီကိုပြန်လာရသလဲ။ အဲဒီလိုသူ့ချစ်သူက သူ့အပေါ်ကောင်းခဲ့တာတွေကပဲ သူဟာ သူ့ချစ်သူဆီကိုပြန်လာနေရတဲ့အကြောင်းပဲ လို့ပြောတာ။
Like a star that guides a ship across the ocean
ဒီမှာပါတဲ့ like က preposition ပါ။ အဓိပ္ပါယ်အားဖြင့် similar to = ဆင်တူသော လို့အဓိပ္ပါယ်ရတယ်။ ချောအောင်ပြောရရင် …….ကဲ့သို့….ပါပဲ။ ကဲ့သို့၊ ဘာကဲ့သို့လဲဆိုတော့ ကြယ်တစ်ပွင့်ကဲ့သို့။ အဲ့ဒီကြယ်က ဘာလုပ်တဲ့ကြယ်လဲဆိုတာကို relative clause နဲ့ဖွင့်ပြတယ်။ that guides a ship = သင်္ဘောတစ်စင်းကို လမ်းညွှန်ပြသော…..ကြယ်တစ်ပွင့်လို။ ဘယ်မှာလဲဆိုတော့………..across the ocean = သမုဒ္ဒရာပြင်ကြီး တစ်လျှောက်မှာ……တဲ့။ သမုဒ္ဒရာပြင်ကြယ်ကြီးထဲက သင်္ဘောတစ်စင်းကို လမ်းပြတဲ့ကြယ်တစ်စင်းလို.. သူ့ချစ်သူကသူ့ကို လမ်းပြခဲ့တာတဲ့။
That’s how your love will take me home back to you
That အဲဒါက၊ is ဖြစ်တယ်၊ how your love will take me home back to you ဘယ်လို မင်းရဲ့လမ်းညွှန်ခဲ့မှုတွေ၊ ငါ့ကို ကူညီခဲ့တာတွေက ငါ့ကိုမင်းရှိရာအိမ်ကို ပြန်လာစေမယ် ဆိုတာပဲတဲ့။
And if I wish upon that star – someday I’ll be where you are
And ပြီးတော့၊ if I wish upon that star ငါသာ အဲဒီကြယ်အတွက်ဆန္ဒရှိခဲ့မယ်ဆိုရင်၊ someday  တစ်နေ့နေ့မှာတော့၊ I ငါဟာ၊ will be ရှိနေမယ်၊ where you are မင်းရှိနေတဲ့နေရာမှာ။
I know that day is coming soon – ya, I’m coming back to you.
I know ငါသိတယ်၊ that day အဲဒီနေ့ဟာ၊ is coming ရောက်လာနေပြီ၊ soon မကြာခင်၊ ya ဟုတ်တယ် အချစ်ရေ၊ I’m coming back to you. ငါဟာမင်းဆီကိုပြန်လာနေပြီ။ သူတို့နှစ်ယောက် အတူရှိရမယ့်နေ့ဟာ မကြာခင်ရောက်လာတော့မယ် ဘာဖြစ်လို့လဲဆိုတော့ သူဟာကောင်မလေးဆီကိုပြန်လာတော့မယ်တဲ့။

သီချင်းကို သေချာခံစားရအောင် ဒီနေရာမှာနဲနဲပြောပြချင်တာက ဒီသီချင်းမှာ ပါနေတဲ့ဇာတ်ကြောင်းပါ။ အထက် မှာပြောခဲ့တဲ့အတိုင်း ကောင်လေးဟာ ဘဝမှာ အကြီးကြီးတွေ၊ သူလက်လှမ်းမမှီိနိုင်တဲ့အရာတွေကို မှန်းပြီး ဘဝမှာလောကဓံတွေကြောင့်စိတ်ဓာတ်ကျနေချိန်နေချိန်မှာ ပင်လယ်ပြင်ကြီးကိုလက်ပစ်ကူးနေတဲ့ ဇနကကို ကယ်ဖို့ရောက်လာတဲ့မေခလာလို ကောင်မလေးကိုတွေ့ခဲ့တာ။ ကောင်မလေးဟာ ကောင်လေး မျှော်မှန်းတဲ့ပန်းတိုင်ကိုရောက်အောင် ကူညီလမ်းပြပေးခဲ့တယ်။ ကောင်လေးဟာအောင်မြင်သွားချိန်မှာ တော့ ကောင်မလေးကိုမေ့သွားခဲ့တာ။ အတောင်ပံတွေပေါက်လို့ ဟိုး……….အဝေးကြီးကိုပျံသန်းသွားခဲ့တာ ပေါ့။ အဲဒီအချိန်မှာကောင်မလေးဟာ အထီးကျန်ဆန်စွာနဲ့ဘဝကိုဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် သူက အဲဒါကို ကောင်လေးကိုမပြောဘူး။ သူ့ဟာသူ တိတ်တိတ်လေးပဲ ခံစားတယ်။ ………အခုလာမယ့် အပိုဒ်က ကောင်မလေးနဲ့ပက်သက်တဲ့အပိုဒ်ပေါ့။

You’ve been alone, but you didn’t show it
You’ve been alone မင်း အထီးကျန်နေခဲ့ရပြီးပြီ။ but ဒါပေမယ့်၊ you မင်းက၊ it အဲဒီလိုအထီးကျန် နေရတာကို၊ didn’t show မပြခဲ့ဘူး။ သူထွက်သွားပြီးတဲ့နောက်ပိုင်းမှာသူ့ချစ်သူဟာ အထီးကျန်နေခဲ့တာ။ ဒါပေမယ့် သူ့ချစ်သူဟာ အဲဒီခံစားချက်ကို သူသိအောင်မပြခဲ့ဘူးတဲ့။
You’ve been in pain, but did not know it
You’ve been မင်းဖြစ်ခဲ့ပြီးပြီ။ ဘယ်မှာဖြစ်တာလဲဆိုတော့…….in pain နာကျင်မှုတွေထဲမှာ….ဖြစ်နေ ခဲ့ပြီးပြီ။ but ဒါပေမယ့်။ ဒီနေရာမှာ subject ပြောက်နေတယ်။ did not know it မသိခဲ့ဘူး၊ မင်းနာကျင်တာကို မသိဘူးဆိုကတည်းက ကိုယ်ကမသိတာပေါ့။ ဒါကြောင့်ဒီနေရာမှာပြောက်နေတဲ့ subject က  I ပဲ။ မင်းနာကျင်နေခဲ့ရပြီးပြီ ဒါပေမယ့် အဲဒီလိုမင်းနာကျင်နေခဲ့ပြီးတဲ့ အဖြစ်ကိုငါကမသိခဲ့ဘူး ……တဲ့။
Let me do what I needed to – you were there when I needed you
Let me do ငါ့ကို လုပ်ခွင့်ပေးပါ၊ what I needed to ငါလုပ်ခဲ့သင့်တဲ့အရာတစ်ခုကို။ ဒီနေရာမှာ Let နဲ့ပက်သက်တဲ့ အသုံးကိုနဲနဲပြောစရာရှိတယ်။ let ရဲ့နောက်မှာ လူပုဂ္ဂိုလ်တစ်ယောက်(somebody) ပါပြီး သူ့ရဲ့နောက်မှာ V1 ပါလာရင် အဲဒီပုံစံဟာ အမိန့်ပေး၊ ခွင့်တောင်းတဲ့ အဓိပ္ပါယ်ရတယ်။ ဥပမာ……………let me go = ငါ သွားပါရစေ။ let her go = သူမကိုသွားခွင့်ပေးလိုက်။ let her sleep - သူမ အိပ်ပါစေ။ I’ll never let you down ငါမင်းကို ဘယ်တော့မှ စိတ်ဓာတ်မကျစေပါဘူး။ what I needed to မှာ ဝါကျကအဆုံး မသတ်သလိုဖြစ်နေတယ်။ တကယ်တမ်းရေးရိုးရေးစဉ်အတိုင်းဆိုရင်တော့ do အထိ ဆက်ရေးရမှာ။ ဒီမှာတော့ ချန်ထားခဲ့တယ်။
you မင်းက၊ were ရှိနေခဲ့တယ်၊ there အဲဒီမှာ၊ when I needed you ငါလိုအပ်ခဲ့တဲ့အချိန်တိုင်း။ မင်းဟာ အရင်တုန်းက (သူမအောင်မြင်စဉ်က) ငါ မင်းကိုလိုအပ်ခဲ့တဲ့အချိန်တိုင်း ငါ့ဘေးမှာရှိနေခဲ့တယ်။


Mighta let you down, mighta messed you round
Might to let you down မင်းကို ငါ စိတ်ဓာတ်ကျစေကောင်းကျစေလိမ့်မယ်။ mighta messed you round ငါမင်းကို စိတ်ရှုပ်စေကောင်း စိတ်ရှုပ်စေလိမ့်မယ်။ messed you round က အသုံးအနှုံးပါ။ mess sb about/around = အဓိပ္ပါယ်က တစ်ယောက်ယောက်ကို ဆိုးဆိုးရွားရွားဆက်ဆံတာ။ စိတ်ရှုပ်အောင်လုပ်တာ။ ငါမင်းကို စိတ်ညစ်စိတ်ရှုပ်ရအောင် အမျိုးမျိုးလုပ်ခဲ့တယ်။
But you never changed your point of view
But ဒါပေမယ့်၊ you never changed မင်းက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး၊ your point of view မင်းရဲ့အမြင်တွေကို။ အပေါ်က ပြောခဲ့သလို သူကသူ့ချစ်သူကောင်မလေးအပေါ်မှာ အမျိုးမျိုးဒုက္ခပေးခဲ့ပေမယ့် သူ့ချစ်သူဟာ အချစ်အပေါ်၊ သူ့အပေါ်ထားတဲ့ အမြင်တွေကိုတော့ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး…တဲ့။
And that’s why I’m coming back to you…..
That အဲဒီလို မင်းရဲ့ ငါဘယ်လောက်ဒုက္ခပေးပေး အမြင်မပြောင်းလဲနိုင်တာကိုက၊ is ဖြစ်တယ်၊ why I’m coming back to you…..ဘာကြောင့်ငါမင်းဆီကို ပြန်လာနေသလဲဆိုတာရဲ့အကြောင်းပဲ ……တဲ့။ မြန်မာလိုချောအောင်ပြန်ရရင် ………မင်းရဲ့ သဘောထားကြီးမှုတွေက ငါ့ကိုအိမ်ပြန်လာချင်အောင် ဆွဲဆောင်နေတဲ့အကြောင်းရင်းပဲ…တဲ့။
ကောင်လေးဟာသူ့ရည်မှန်းချက်တွေအောင်မြင်ပြီးတဲ့အချိန်မှာ ကောင်မလေးကို ဂရုမစိုက်တော့ဘဲ မေ့ချင်တိုင်းမေ့နေခဲ့တာ။ နောက်ပိုင်းရောက်တော့ ကောင်မလေးအကြောင်းတွေကို ပြန်စဉ်းစားပြီး ကောင်မလေးရဲ့သဘောထားကြီးမှုနဲ့ သူ့အပေါ်ထားတဲ့အမြင်ကို ပြန်သတိရတယ်။ အရင်ကသူဘယ် လောက်ဆိုးဆိုးသူ့အပေါ်ကောင်းခဲ့တာတွေကို သတိရပြီး ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်တာပါ။

ချစ်တတ်ကျပါစေ………………………………….
ကိုထင်
Saturday, January 18, 2014


(ဤသီချင်းအလိုက်ကို အဆိုတော် အငဲမှ ထပ်မဝေးဘူး ဆိုပြီးသီဆိုထားပါသည်။)


No comments:

Post a Comment

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ