ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Wednesday, June 11, 2014

နိုင်းနိုင်းစ​နေ

စိန်ရတုမင်္ဂလာနှစ်ပတ်လည်မှာ ဆုတက်ယူတဲ့အမေအိုကို အစီအစဉ်တင်ဆက်သူက မေးမြန်းပါတယ်။

အစီအစဉ်တင်ဆက်သူ "ကိုယ့်ယောက်ျားမှာ ချွတ်ယွင်းချက်တွေ သိပ်များတယ်လို့ အမေထင်သလား"
အမေအို "အိုး... များလွန်းလို့ ကောင်းကင်ပေါ်က ကြယ်တွေအတိုင်းပဲ မရေမတွက်နိုင်ဘူး"

အစီအစဉ်တင်ဆက်သူ "ကိုယ့်ယောက်ျားမှာ အားသာချက်တွေရောရှိတယ်လို့ အမေထင်သလား"
အမေအို "နည်းတယ်... နည်းလွန်းတယ် ကောင်းကင်ပေါ်က နေတစ်စင်းလိုပဲ"

အစီအစဉ်တင်ဆက်သူ "ဒါတောင် ဒီစိန်ရတုနှစ်ပတ်လည်ထိ သူ့ကို အမေဘယ်လိုချစ်ခင်ကြင်နာခဲ့ပါသလဲ"
အမေအို "နေထွက်လာတာနဲ့ ကြယ်တွေကို မမြင်ရတော့ဘူးလေ ..... "
.

No comments:

Post a Comment

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ