ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Wednesday, June 11, 2014

ကြိုက်​ခဲ့တဲ့ ဟာသ​လေးပါ

” ကိုကို့အတွက် ကြိုးစားချက် ”

ခရိုနီသူဌေးကြီး နဲ့လွှတ်တော်အမတ်ကြီးလည်းဖြစ်သူ ဦးဘ က အနှစ်(၄၀)မြောက်

မင်္ဂလာနှစ်ပတ်လည်ညမှာ သူ့ဇနီး ဒေါ်မြကို မေးသတဲ့။

“ မြရေ။ ကိုတို့ အိမ်ထောင်သက် နှစ်၅၀ တွင်းမှာ မင်းတာဝန်

ကျေပွန်ခဲ့ပါတယ်ကွာ။ ကျေးဇူးလည်း တင်ပါတယ်။ ကို တစ်ခုမေးချင်တယ်။ မင်း

တခြားသူနဲ့များ ကျူးလွန်ဖူးသလားဆိုတာ အမှန်အတိုင်းပြောပြပါလား။ ကို

လုံးဝအပြစ်မယူပါဘူး။ သိချင်ယုံပါ ”

“ အင်းလေ ကိုမေးတော့လည်းပြောရတာပေါ့။ ၃ ခါထဲပါ။ ”

“အင်း…. ပထမ တစ်ခါက ဘယ်သူနဲ့လဲ”

“ကို အသက်၃၅နှစ်မှာ ကို့ကုမ္ပဏီလေး အရှံးပေါ်ပြီး ရောင်းရမလိုဖြစ်တော့

အကြီးအကဲတစ်ဦးရောက်လာပြီး လိုသလောက်ငွေတွေ ချေးပေးခဲ့တာ မှတ်မိသေးလား”

“အော်ဒါလား မြ ကို့ကြောင့် အနစ်နာခံခဲ့ရတာပဲ၊ ကို အပြစ်မတင်တဲ့အပြင်

ကျေးဇူးတောင်တင်ပါတယ်ကွာ၊ နောက်တစ်ခါကရော”

“ကို အသက် ၄၅နှစ်မှာ နှလုံးရောဂါဖြစ်တော့၊ ခွဲစိတ်ရင်လည်း

အောင်မြင်မှာမဟုတ်ဘူးဆိုပြီး ဘယ်ဆရာဝန်မှ နာမည်ပျက်ခံပြီး

မခွဲချင်ကြဘူးလေ၊ နောက်ဆုံး ဆရာဝန်ကြီး တစ်ယောက် စိတ်ပြောင်းပြီး

ခွဲပေးလို့ အသက်ရှင်ခဲ့တာရောမှတ်မိလား”

“အော်ဒါလည်း မြ အနစ်နာခံခဲ့တာပဲလား ကျေးဇူးတင်လိုက်တာမြရယ်၊ နောက်ဆုံး အခေါက်ကရော”

“ကို အသက် ၅၅ နှစ်မှာ ပထမဆုံး အကြိမ်ရွေးကောက်ပွဲဝင်တော့ ကြိုတင်မဲ ၃၅၀

ရခဲ့တာ မှတ်မိသေးလား……. ”

ရဲစတိုင်း

ဝေဖန်​အကြံပြုစာများ​ရေးသားလိုပါက cbox တွင်​လာ​ရောက်​​ရေးသားဖို့ဖိတ်​​ခေါ်ပါနယ်​ဗျာ

No comments:

Post a Comment

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ