ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Friday, June 13, 2014

ကိုထင် {2}

Cry on my shoulder
ငါ့ပခုံးပေါ်မှာငိုပါ
If the hero never comes to you
ဝါကျက ရိုးရိုးရှင်းရှင်းလေး ရေးထားတာဖြစ်တဲ့အတွက် နားမလည်စရာဘာမှ မရှိပါဘူး။  If တကယ်လို့များ၊ မင်းသိပ်ချစ်ရတဲ့ မင်းရဲ့ချစ်သူ သူရဲကောင်းကြီး မင်းဆီကိုရောက်မလာရင်……………….
If you need someone you’re feeling blue
If တကယ်လို့များ၊ you need someone မင်းတစ်ယောက်ယောက်ကိုလိုအပ်ရင်။ ဘယ်တစ်ယောက် လဲဆိုတာကို နောက်က you’re feeling blue ကဖွင့်ပြတယ်။ မင်းချစ်နေတဲ့ တစ်ယောက်ယောက်ပေါ့။ blue နဲ့ ပက်သက်ပြီးနဲနဲပြောစရာရှိတာက blue ဟာ n, adj နှစ်မျိုးသုံးပါတယ်။ adj ဆိုရင် color = အပြာရောင်၊ sad = ဝမ်းနည်းသော၊ sexual = အချစ်၊ လိင်နဲ့ပက်သက်တဲ့အရာ ဆိုပြီးအဓိပ္ပါယ် သုံးမျိုးထွက်ပါတယ်။   ဒီနေရာမှာတော့ adj ဖြစ်ပြီး အဓိပ္ပါယ် ကတော့ အချစ်ကိုယူရပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ကောင်မလေးဟာ သူသိပ်ချစ်ရတဲ့ သူရဲကောင်းချစ်သူကြီး ကိုလိုအပ်နေတာ။
If you wait for love and you’re alone
မင်းက အချစ်ကိုစောင့်စားရင်း အထီးကျန်နေရတယ်ဆိုရင်။
If you call your friends nobody’s home
If you call your friends မင်းသူငယ်ချင်းတွေကို ခေါ်တဲ့အခါ၊ nobody’s home သူတို့တွေဟာလည်း အိမ်မှာ မရှိကြဘူးဆိုရင်။ ကောင်မလေးဟာ သူ့ချစ်သူက သူ့ကို ပစ်ထားလို့စိတ်ညစ်ပြီး အဖော်ရှာတဲ့အနေနဲ့ သူငယ်ချင်းတွေဆီကိုဖုန်းခေါ်တာ။
You can rather wait …but you can’t hide through a storm and a lonely night
မင်း အချစ်ကိုစောင့်စားနိုင်ပါတယ်။ but ဒါပေမယ့်၊ you can’t hide through မင်းမပုန်းရှောင် နိုင်ဘူး(မလုံခြုံဘူး)၊ through a storm and a lonely night ဒီလို မုန်တိုင်းထန်ပြီး အထီးကျန်တဲ့ည တွေကို။  ကောင်မလေးရေ…………..မင်းရဲ့အချစ်ကို စောင့်စားတာက ဘာမှမဟုတ်ပေမယ့် ဒီလိုမုန်တိုင်း ထန်ပြီး အထီး ကျန်တဲ့ညတွေဆီကတော့ မင်းရှောင်ပြေးလို့မရဘူး၊ ပုန်းရှောင်လို့မရဘူး ..လို့ဆိုချင်တာ။
Then, I’ll show you there’s a destiny ..the best thing in life …they are free
Then အဲဒီလိုဆိုရင်၊ I’ll show you ငါ မင်းကိုပြမယ်၊ there’s a destiny ဖြစ်နိုင်တာတစ်ခုတော့ရှိတယ်၊ the best thing in life ဘဝမှာ အကောင်းဆုံးအရာတွေက၊ they are free ဘာမှပေးစရာမလိုပါဘူး။ အဲဒီလို အထီးကျန်တဲ့မုန်တိုင်းညတွေကို မင်းဖြတ်သန်းနေရတဲ့အခါ ငါမင်းကိုသိစေချင်တာက ဘဝမှာ တစ်ချို့ အကောင်းဆုံးအရာတွေက ဘာမှပေးဆပ်စရာမလိုဘဲရတတ်တဲ့အရာတွေပါ…..လို့ပြော ချင်တာ။ ဆိုလိုချက်က ကောင်လေးဟာ ကောင်မလေး ခံစားနေရတာကို မကြည့်ရက်လို့ ကောင်မလေး ကသာ ခွင့်ပြုရင် ကောင်မလေးဘေးနားမှာနေရင်း ကောင်မလေးကို နှစ်သိမ့်ပေးချင်တာ။
But if you wanna cry …cry on my shoulder
But ဒါကြောင့်…..၊ if you wanna cry မင်းငိုချင်ရင်၊ cry on my shoulder ငါ့ရဲ့ပခုံးတွေပေါ်မှာငိုပါ။
If you need someone who cares for you
If တကယ်လို့များ၊ you need someone မင်း တစ်ယောက်ယောက်လိုအပ်ရင်၊ ဘယ်တစ်ယောက်လဲဆိုတော့ who cares for you မင်းကိုဂရုစိုက်မယ့်တစ်ယောက်ယောက်…..။
If you‘re feeling sad your heart gets colder
မင်း ဝမ်းနဲနေရတယ်ဆိုရင် မင်းရဲ့နှလုံးသားတွေဟာ အေးခဲလာတယ်
Yes, I’ll show you what real love can do
Yes ဟုတ်တယ်ကောင်မလေးရေ………….၊ I’ll show you ငါမင်းကိုပြမယ်၊ what real love can do အချစ်စစ်အချစ်မှန်က လုပ်နိုင်တဲ့အရာကို။ ချောအောင်ပြောရရင် …..အထက်ကပြောခဲ့သလိုကောင်မလေး အနေနဲ့ခံစားနေရရင် အချစ်စစ်အချစ်မှန်ဆိုတာ ဘာလဲဆိုတာမင်းသိအောင် ငါမင်းကိုပြမယ်လို့ဆိုလိုတာ။

If your sky is gray ….oh let me know
If တကယ်လို့များ၊ your sky မင်းရဲ့ကောင်းကင်ဟာ၊ is gray တိမ်တွေထူပြီး မိုက်နေတယ်ဆိုရင်၊ oh let me know ငါ့ကိုသိခွင့်ပေးပါ။ အဓိပ္ပါယ်က ……စိတ်ညစ်စရာတွေကြောင့်မင်းစိတ်ညစ်နေရတယ်ဆိုရင် ငါ့ကို သိခွင့်ပေးပါ…..လို့ဆိုလိုတာ။
There’s a place in heaven where we’ll go
There’s a place နေရာတစ်နေရာရှိတယ်၊ in heaven ကောင်းကင်ဘုံမှာ၊ where we’ll go ငါတို့သွားကြမယ့်နေရာ။ ကောင်းကင်ဘုံမှာ မင်းနဲ့ငါနဲ့ အတူသွားကြမယ့်နေရာတစ်နေရာရှိတယ်။
If heaven is a millions years away
If တကယ်လို့၊ heaven ကောင်းကင်ဘုံဟာ၊ is a millions years away နှစ်တစ်သန်းလောက်ဝေးတယ် ဆိုရင်တောင်။ အဲဒီငါတို့တွေ သွားကြမယ့်ကောင်းကင်ဘုံက ……ကောင်းကင်ဘုံက နှစ်တစ်သန်း လောက်သွားမှ ရောက်မယ်ဆိုရင်တောင်။ တကယ်တမ်းအဓိပ္ပါယ်ကတော့ …….ကောင်လေးဟာ စိတ်ညစ် နေတဲ့ကောင်မလေးကိုခေါ်ပြီး ကောင်မလေးပျော်ရွှင်မယ့် နှစ်ကိုယ်တူကမ္ဘာလေးကို တည်ဆောက် ကြမယ်…….ပြောချင်တာပါ။
Oh…..just call me I’ll make your day
When the nights are getting cold and blue
When the days are getting hard for you
Oh…..just call me ငါ့ကိုသာ ခေါ်လိုက်ပါ၊ I’ll make your day ငါမင်းရဲ့နေ့ကိုလုပ်ပေးမယ်။ When the nights are getting cold and blue ညတွေက အေးပြီး ပြာလာတဲ့အခါ၊ When the days are getting hard for you နေ့တွေက မင်းအတွက်ခက်ခဲလာတဲ့အခါ။ မြန်မာလိုချောအောင်ပြောရရင်…….။ မြန်မာလို ချောအောင်ပြောရရင်…………….ကောင်မလေးအနေနဲ့ စိတ်ညစ်စရာတွေများလွန်းလို့ ဘဝမှာ အမောတွေ များလွန်းတဲ့အခါ ကောင်လေးကသူ့ကိုသာခေါ်လိုက်ဖို့၊ အဲလိုခေါ်လိုက်ရင် မင်းကိုငါပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်လို့ ပြောတာပါ။ စိတ်ဓာတ်ကျစရာတွေများလာတဲ့ လူတစ်ယောက်ဟာ ဘဝမှာ နေရတာ မပျော်တော့ပါဘူး။ နေရတာမပျော်တော့တဲ့ လူတစ်ယောက်ရဲ့နေ့တွေဟာ မလှပတော့သလို ညတွေ ကလည်း အသံတိတ်ငရဲခန်းလိုဖြစ်လာတတ်ပါတယ်။ (တကယ့်လက်တွေ့မှာ မဟုတ်ပေမယ့် အချစ်ဒုက္ခ ကြီးသူအတွက်တော့ တကယ်ဖြစ်နေသလိုပါပဲ) အဲဒါကို ဒီမှာ  When the nights are getting cold and blue …When the days are getting hard for you ဆိုတဲ့စာနှစ်ကြောင်းနဲ့ပြောပြထားတာပါ။ I’ll make your day ဆိုတာက မင်းကိုပျော်အောင်လုပ်ပေးမယ်၊ မင်းကံကောင်းမှာပါ…လို့ပြောချင်တာ။
I’ll always stay here by your side
I’ll always stay ငါ အမြဲတမ်းနေပါ့မယ်၊ here by your side ဒီနေရာ မင်းရဲ့ဘေးနားလေးမှာပဲ။ အထက်ကပြောခဲ့သလို ခံစားနေရတဲ့ကောင်မလေးရဲ့ ဘေးနားလေးမှာပဲ သူအမြဲတမ်းနေပါ့မယ် လို့ပြောတာ။
I promise you ……….I’ll never hide
I promise you ငါမင်းကိုကတိပေးပါတယ်၊ I’ll never hide ငါ ဘယ်တော့မှ ပုန်းရှောင်မသွားပါဘူး၊ ငါ မင်းကိုထားမခဲ့ပါဘူး…။

သီချင်းရဲ့ အဓိပ္ပါယ်ကို သေချာခံစားရအောင်ပြောရမယ်ဆိုရင်…………….ကောင်မလေးနဲ့ ကောင်မလေးဟာ သိပ်ကိုဖြူဖြူစင်စင်ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်နိုင်တယ်။ ကောင်မလေးမှာကချစ်သူတစ်ယောက်ရှိတယ်။ ဒါပေမယ့်………အဲဒီကောင်မလေးရဲ့ ချစ်သူက ကောင်မလေးကိုဂရုမစိုက်ဘူး။ ပစ်ထားတယ်။ နောက်တစ်ယောက်တွဲနေတာလည်းဖြစ်နိုင်တယ်။ ဒီတစ်ဘက်မှာကျတော့လည်း ကောင်လေးက သူ့သူငယ်ချင်းကောင်မလေးကို တိတ်တိတ်လေးချစ်နေတာ။ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်လေတော့ ကောင်လေးက အဲဒီစည်းကိုမကျော်ချင်ဘူး။ သူ့အချစ်ကို သူ့ရင်ထဲမှာပဲသိမ်းထားတယ်။ ကောင်မလေးခံစားနေရတဲ့အခါ သူ ကောင်မလေးကိုနှစ်သိမ့်ပေးချင်တယ်။ ဒါပေမယ့် ကောင်မလေးကလဲ သူခံစားနေရတဲ့ ဝေဒနာတွေကို သူ့သူငယ်ချင်းကောင်လေးကို မသိစေချင်လို့မပြောဘူး။ ကောင်လေးကလည်း ဘာကြောင့်ကောင်မလေးက သူ့ကိုမပြောပြလည်းဆိုတာ သိတယ်။ ဒါကြောင့် ဒီသီချင်းဖြစ်လာတယ်……………..။
နောက်ထပ်တစ်ခုဖြစ်နိုင်တာကတော့ ကောင်လေးဟာ ကောင်မလေးကို တိတ်တခိုးချစ်နေတဲ့ ကောင်လေး တစ်ယောက်ပေါ့။

မျှော်လင့်ချက်တွေမပါဘဲ တိတ်တိတ်လေးချစ်ရတဲ့ ပါရမီဖြည့်ဖက်အချစ်ရဲ့အရသာကို ခံစားဖူးရင် ဒီသီချင်းကကောင်း မှာပါ။

မေတ္တာဖြင့်
ကိုထင်
Tuesday, January 21, 2014





No comments:

Post a Comment

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ