ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Thursday, June 12, 2014

ခြားနားမှု​လေး​တွေရှိမှတဲ့

လူတွေကို နှိုင်းယှဉ်ပြောဆိုတာဟာ အင်မတန်မှားယွင်းတဲ့ အလုပ်ဖြစ်ပါတယ်..

သဘောပြည့်ဝသူတွေဟာ လူတွေကို နှိုင်းယှဉ်ပြီး ဝေဖန်လေ့မရှိဘူး..

ဒါပေမယ့် လောကမှာ မရှိတာထက် မသိတာခက်ဆိုသလို မသိတတ်တဲ့လူတွေကြောင့် အခြေအနေတချို့ဟာ မခက်သင့်ပါလျက် အခက်ကြုံရပါတယ်...

ငယ်ငယ်လေးကတည်းက လူတွေဟာ တခြားသူတွေနဲ့ နှိုင်းယှဉ်ခံခဲ့ကြရပါတယ်..

မသိခြင်းဟာ အပြစ်ဆိုရင် အပြစ်မကင်းလေသော မိဘတွေဟာ သားသမီးအချင်းချင်းကို နှိုင်းယှဉ်ပြောဆိုရာကစလို့ မှားယွင်းခဲ့ကြပါတယ်.

သူတောင် ဒီလောက် အမှတ်ရရင် မင်းက ဘာလို့မရတာလဲ..

သူတောင် အပြေးပြိုင်ပွဲမှာ ဆုရရင် မင်းက ဘာလို့မရရမှာလဲ..

သူတောင် ဒါကို လုပ်နိုင်ရင် မင်းက ဘာလို့ မလုပ်နိုင်တာလဲ စသဖြင့်ပေါ့..

လူတွေအားလုံး မွေးလာကတည်းက အရည်အချင်းကွာတယ်..

ဦးနှောက်သုံးတာ ကွာတယ်..

နှလုံးသားခံစားချက်ချင်း ကွာတယ်..

ဘဝကံလမ်းကြောင်းချင်း ကွာတယ်..

ကျနော်တို့တွေ အားလုံးတူနေကြမယ်ဆို ကျနော်တို့ အားလုံး သမ္မတ ဖြစ်နေမှာပေါ့..

အားလုံး သမ္မတဖြစ်နေရင် ဈေးထဲမှာ ငါးဘယ်သူရောင်းမလဲ.. စပါး ဘယ်သူစိုက်မလဲ..

ခင်များကလေးတွေ စာသင်ဖို့ ဆရာ ဘယ်သူလုပ်မလဲ..

Performance ကောင်းကောင်းနဲ့ သီချင်းဆိုမယ့် ဖြူဖြူကျော်သိန်း ဘယ်သူလုပ်မလဲ..

နာရေးကူမယ့် ကျော်သူ ဘယ်သူလုပ်မလဲ..
အားလုံး အတွေးတွေ အမြင်တွေ တူနေရင် ကျနော်တို့ ဒုက္ခရောက်ကုန်မှာပေါ့..

ခင်များမိန်းမကို ခင်များညီပါ ကြိုက်နေရင်..ခင်များယောက်ျားကို ခင်များညီမကပါ ညွတ်နေရင်..

တွေးကြည့်ပါဦး..ဘယ်လောက် ရုပ်ဆိုးအကျည်းတန်ပြီး မနှစ်မြို့စရာကောင်းသလဲ...
လောကကြီးဟာ တမျိုးစီကွာခြားတဲ့ လူတွေကြောင့် အဆင်ပြေနေတယ်ဆိုတာ မြင်အောင်ကြည့်ပါဦး..

Be yourself ဖြစ်ဖို့လိုတယ်..

လောကကြီးကို This is who I am. ဆိုပြီး သူများနဲ့မတူ ကွဲပြာခြားနားစွာ ပြသဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်.
credit@sailunnaung

ဝေဖန်​အကြံပြုစာများ​ရေးသားလိုပါက cbox တွင်​လာ​ရောက်​​ရေးသားဖို့ဖိတ်​​ခေါ်ပါတယ်​ဗျာ


No comments:

Post a Comment

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ