ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Thursday, June 12, 2014

ဟာသ

ကုလားအုတ် အကောင်တစ်ရာ

အမေရိက ကနေ အစ္စရေးကို အလည်ရောက်နေတဲ့ မောရစ်စ် နဲ့ သူ့ဇနီးဟာ လက်ဆောင်ပစ္စည်း အရောင်းဆိုင် ရှေ့မှာ ထိုင်ရင်း အတူလာတဲ့ အခြားခရီးသည်တွေ ရောက်အလာကို စောင့်ဆိုင်းနေပါတယ်.. ဒီအချိန်မှာ အာရပ် အရောင်းသမားတစ်ဦးဟာ ရောင်းချစရာ ပစ္စည်းတစ်ချို့တစ်လေကို သယ်ပိုးပြီး သူတို့၂ယောက်ဆီ ရောက်လာကာ သူ့ထံက ပစ္စည်းတွေကို ၀ယ်ယူဖို့ ပြောဆိုရောင်းချပါတယ်.. သို့သော်လည်း ပစ္စည်းတစ်ခုတစ်လေကိုမှ မောရစ်စ်တို့က မ၀ယ်ယူပါဘူးတဲ့.. ဒီတော့ အာရပ်က မောရစ်စ်ကို “ ဘယ်က လာသလဲ ”လို့ မေးပါတယ်..

အမေရိက လို့ မောရစ်က ပြန်ဖြေတော့ ဆံပင်အနက်ရောင်၊ သံလွင်သီးရောင် အသားအရေရှိတဲ့ မောရစ်စ်ရဲ့ ဇနီးကိုကြည့်ပြီး “သူကတော့ အမေရိက ကမဟုတ်ဘူးထင်တယ်” .. လို့ မေးပြန်ပါတယ်..

သူ့ဇနီးဖြစ်သူက “ဟုတ်ကဲ့ ကျွန်မ အမေရိက က မဟုတ်ပါဘူး” လို့ ဖြေပါတယ်..

“ဒါက ခင်ဗျားယောက်ျားလား” လို့ မောရစ်ဘက်ကို လက်ညိုးညွှန်လိုက်ကာ မေးပြန်ပါတယ်..

ဒီတော့ အမျိုးသမီးက “ဟုတ်တယ် ကျွန်မယောက်ျားပါ”လို့ ဖြေပါတယ်..

အာရပ်က မောရစ်စ်ဘက် လှည့်လိုက်ပြီး “ခင်ဗျား သူ့ကိုရောင်းမယ်ဆိုရင် ကျွန်တော် သူ့အတွက် ကုလားအုတ်အကောင်တစ်ရာ ပေးချေပါ့မယ်.. ” လို့ပြောလိုက်ပါတယ်. ဒီတော့ မောရစ်ဟာ အချိန်တော်တော်ကြာ စဉ်းစားနေပြီးမှ “ သူက ရောင်းဖို့မဟုတ်ပါဘူး ” လို့ ပြန်ပြောလိုက်ပါတယ်။

မောရစ်စ်စကားကြားတော့ အာရပ်လည်း လှည့်ထွက်သွားပါတယ်.. ဒီမှာတင် မောရစ်စ်ရဲ့ မိန်းမက ဒေါသဖြစ်ဖြစ်နဲ့ “ရှင် ဒီအဖြေပေးဖို့ ဘာကြောင့် ဒီလောက်စဉ်းစားနေတာလဲ” လို့မေးလိုက်ပါတယ်..

ဒီတော့ မောရစ်စ်က “အား ငါက ဒီကုလားအုတ် အကောင်တစ်ရာကို သယ်ပြီး ဘယ်လိုအိမ်ပြန်မလဲလို့ စဉ်းစားနေလို့ပါ ” တဲ့။

ဝေဖန်​အကြံပြုစာများ​ရေးသားလိုပါက cbox တွင်​လာ​ရောက်​​ရေးသားဖို့ဖိတ်​​ခေါ်ပါတယ်​ဗျာ

No comments:

Post a Comment

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ