ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Monday, August 25, 2014

ဘာလိုသလဲ

" လူငယ်များ စာကြိုးစားသင့်သည် " ဟူသော ခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးခိုင်ရာ ပီတာလေးက အောက်ပါအတိုင်း ဖြေသည် ။

" လူတစ်ယောက်သည် စာကို ကြိုးစားလေလေ အသိပညာ တိုးပွားလေလေ ဖြစ်သည် ။ သိတာ များလေလေ များများ မေ့လေ ဖြစ်သည် ။ များများမေ့လေလေ သိတာ နည်းလေလေ ဖြစ်သည် ။ သိတာ နည်းလေလေ မေ့တာလည်း နည်းလေလေ ဖြစ်သည် ။ မေ့တာ နည်းလေလေ သူသိတာ များလေလေ ဖြစ်သည် ။ ထို့ ကြောင့် မေးစရာ ဖြစ်လာသည် ။ " ဘယ့်အတွက် စာကို ကောင်းကောင်း သင်ရမည်နည်း" ဟူ၍ ဖြစ်သည် ။"

တိုက်​ဆိုင်​မှု့

တိုက်​ဆိုင်​မှု့ရှိလို့
လမ်းမှား​လျှောက်​ခဲ့ဖူးတဲ့​လမ်းမှာ
သတိရတယ်
.......
တိုက်​ဆိုင်​မှု့ရှိလို့
ထိုင်​ခုံလုထိုင်​ခဲ့ဖူးတဲ့ ပန်းခြံမှာ
သတိရတယ်
.....
တိုက်​ဆိုင်​မှု့ရှိလို့
အတူနား​ထောင်​​နေကြ
သီချင်းသံ အကြားမှာ
သတိရတယ်
.....
တိုက်​ဆိုင်​မှု့ရှိလို့
ခေါင်းခဏခဏ မူးတတ်​တဲ့ နင့်​ကို
သတိရတယ်
........
တိုက်​ဆိုင်​မှု့ရှိလို့
လိုင်းကားတိုးစီးခဲ့ဖူးတာကို
သတိရတယ်​ ....
.......
တိုက်​ဆိုင်​မှု့ရှိလို့
ထီး​သေး​သေး​လေးမှာ
ပုန်း​နေတဲ့လူ​တွေ​တွေ့​တော့
သတိရတယ်
......
တိုက်​ဆိုင်​မှု့​တွေ များလွန်းခဲ့လဲ
ကံတရား နဲ့ မတိုက်​ဆိုင်​​တော့
ဝေးခဲ့ရတယ်
........
မေ့ပစ်​ချင်​​ပေမယ့်
မေ့လို့မရ​သေးတာ
ဘယ်​သူ့ကို အပြစ်​ဆိုရမလဲ

www.aungchan25.blogspot.com

https://m.facebook.com/profile.php?id=649983348384629

Sunday, August 24, 2014

ဂွတ်

အိပ်​မက်​​တွေ ​ကောက်​သင်း​ကောက်​ရင်း
မနက်​​တွေ လင်းလင်းသွားခဲ့တာ
အိမ်​​ရှေ့က ယင်းမာပင်​​တောင်
အရိုးပြိုင်းပြိုင်းနဲ့
လမ်းမကြီးကို ​ကျောခိုင်း​နေခဲ့ ...။

နိုးတစ်​ဝတ်​ အိပ်​တစ်​ဝက်​နဲ
အဆာ​ပြေငတ်​ခဲ့တဲ့မနက်​​တွေကို
လက်​ချိုး​ရေရလွန်းတဲ့
စိတ်​ဆိုး​နေတဲ့လက်​​တွေလဲ
လှုပ်​လီလှုပ်​လဲ့နဲ့
မှီရာ​တွေ့ရာကို ကုတ်​ဖဲ့​နေခဲ့ ...။

အေးစက်​စက်​ချိုစိမ့်​တစ်​ခွက်
လောင်​ကျွမ်း​နေတဲ့ ​ဆေးလိပ်​တစ်​ဖက်
အလုပ်​ပျက်​ခဲ့တဲ့​နေ့ရက်​​တွေ​တောင်
ယောင်​​တောင်​​တောင်​ နဲ့တမ်းတ
သတိရခြင်း​တွေပျိုးချရင်းနဲ့ ..
အစိုးမရတဲ့ ငါ့ဘဝကို အတိုး​တွေချခိုင်း​နေမိခဲ့ ..။

အ​တောင်​တစ်​စုံမဖြစ်​ပဲ
ပျံတက်​​နေတဲ့ အ​တွေး​တွေနဲ့
ရေးခြစ်​ခဲ့တဲ့ကဗျာ​တွေဟာလဲ
ဖြစ်​ချင်​တာသက်​သက်​များနဲ့
ခံစားမှုကို​ထောင်းသွင်း အကျဉ်းချလို့
သဲထဲသွန်​ခဲ့တဲ့​ရေ​တွေ
ရေပြန်​ဖြစ်​ဖို့မလွယ်​သလို
စာရွတ်​​တွေ​ပေါ် သွန်​ပစ်​ခဲ့တဲ့စာ​တွေဟာလည်း
ကဗျာဖြစ်​ဖို့မလွယ်​ခဲ့ ...။

မနေတတ်တော့ဘူး

မနေ့ကလိုပဲ အတိက်တွေကို ပြန်လည်တူးစွဖို့ မနေ့ကလိုသာ သူမအပြုံးတို့ စွန့်ကြဲပါ နာမည်ဆိုးတွေနဲ့ လူတစ်ယောက်မှာလဲ လွမ်းမောစရယ အိပ်မက်မရှိဘူး ဘသူပြောမလဲ အလင့်ပွင့်တို့ လွင့်မျောလို့ ကြယ်ရောင်အလင်းမရှတဲ့အခါ ရှေ့ဆက်ရမယ့်ခရီးမှာ နည်းနည်းတော့ အခက်တွေ့မှာပေါ့ သူမ မရှိတော့တဲ့အခါလဲ အရင်လို ပုံမှန်မဟုတ်တော့တဲ့ နေထိုင်မှုက ယုံကြည်မှုလဲ နဲနဲတော့ကင်းတာပေါ့ဗျာ