ဝေးသွားရင်လဲ
အဆင်ပြေတဲ့အခါ ပြန်လာပါ
နားလည်မှု့နဲ့ ထားခဲ့တဲ့စည်း ....
တစ်ယောက်အပေါ်တစ်ယောက်
ယုံကြည်စွာ ခရီးနှင်ခဲ့ရင်
ဝေးနေတဲ့ ပင်လယ်တွေ
အလိုလို နီးလာမှာပါ .....
ယုံကြည်နေပါ ချစ်သူရေ
နီးခြင်းဝေးခြင်း ချစ်ခြင်းအလင်္ကာ
ပြန်မလာမှာ ကြောက်တဲ့ ကဗျာတွေနဲ့
ငါ .....
လွမ်းနေရင်းလဲ ......လွမ်းတယ်
နှစ်ယောက်တစ်ဘဝကြား
အရောင်ဆောင် စကားတွေနဲ့
သူစိမ်းဆန်တဲ့ ပုံပြင်တွေ
တိုးတိုးလေးလဲ
ငါ....မကြားပါရစေနဲ့ .....
မာနထားချင်ရင်လဲ
........ထားပါ
ဘာမှ မပြောရင် နေပါ
ဖုန်းလေးတော့ဆက်ပါ .....။
No comments:
Post a Comment
သူငယ်ချင်း များအားလုံးကျေးဇူးပါ