ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Thursday, June 12, 2014

ပုံပြင်


ကြွက်ထောင်ချောက်

တစ်ခါကတော့ ကြွက်တစ်ကောင်ဟာ လယ်သမားတစ်ယောက်ရဲ့ အိမ်မှာ ကပ်နေသတဲ့။ တစ်နေ့တော့ လယ်သမားမိန်းမဟာ ဈေးကအပြန်မှာ ဆွဲခြင်းထဲကနေ ပစ္စည်းတွေ ထုတ်နေတယ်။ ကြွက်ကလဲ ဘာခိုးစားစရာပါလဲဆိုပြိးသွားကြည့်နေတယ်။ ကြည့်ရင်းကနေ ဆွဲခြင်းထဲက ပစ္စည်းတစ်ခုထွက်လာတယ်။ အဲဒါကိုကြည့်ရင်း ကြွက်အရမ်းကြောက်သွားတယ်။ အဲဒါကတော့ ကြွက်ထောင်ချောက်တစ်ခုပဲ။

ကြွက်က ကြွက်ထောင်ချောက်ကိုတွေ့တော့ လယ်ထဲက ကြက်ဆီပြေးသွားသတဲ့။" ကိုကြက်ရေ လုပ်ပါဦးဗျာ အိမ်ထဲမှာ ကြွက်ထောင်ချောက်တွေ့ခဲ့တယ်" လို့ပြောတော့ ကြက်ကလဲ စိတ်မကောင်းဘူး မင်းဒီကနေ ပြေးပေတော့တဲ့။

နောက်တော့ ကြွက်က ၀က်ဆီကို ရောက်တယ်။ ၀က်ကလဲ ကြွက်ရေ မင်းတော့ နာပြီသာမှတ် မင်းအတွက် စိတ်မကောင်းပါဘူး။မင်းကို မြှုပ်ဖို့ကျင်းတူးထားလိုက်တော့မယ်လို့ ရယ်ပြီးပြောသတဲ့။

ဒါနဲ့ နွားဆီကို သွားပြောပြန်ရော။ နွားကလဲ အပိုတွေလာမပြောနဲ့ ကြွက်ထောင်ချောက်ရောက်လာမှတော့ မင်းသေနေ့စေ့ပြီပေါ့တဲ့။

ကြွက်က စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တယ်။ အဲဒီညမှာပဲ ကြွက်တွင်းနားမှာ ကြွက်ထောင်ချောက်ကြီးလာချထားတာပေါ့။ကြွက်ကလဲ ကြောက်ကြောက်နဲ့ ပုန်းနေလိုက်တယ်။

သိပ်မကြာဘူး။ ညလယ်လောက်ရောက်တော့ လယ်သမားမိန်းမဟာ ကြွက်ထောင်ချောက်အသံကြားတယ်။ ကြွက်မိပြီလားလို့ သိချင်လို့ အမှောင်ထဲ သွားကြည့်တာပေါ့။ တကယ်တော့ ကြွက်မိနေတာမဟုတ်ဘူး။ မြွေတစ်ကောင်ရဲ့ အမြီးကိုမိနေတာ မြွေကလဲ လယ်သမားမိန်းမကိုတွေ့တော့ စိတ်ဆိုးပြီး ကိုက်လိုက်တယ်။ လယ်သမားမိန်းမ မြွေကိုက်တော့ လယ်သမားက သူ့မိန်းမကို ဆေးရုံကို အမြန်ခေါ်သွားတယ်။သူ့မိန်းမ မြွေဆိပ်မမှီတော့ဘူး အဖျားတက်နေတယ်။ ဆေးရုံမှာပဲ တင်ထားရတယ်။ လယ်သမားကလဲ သူ့မိန်းမအားရှိအောင် ကြက်စွပ်ပြုတ်လေးတိုက်မယ်ဆိုပြီးတော့ ကြက်ကိုသတ်ပြီး စွပ်ပြုတ်ချက်တယ်။ သိပ်မကြာပါဘူး။ လယ်သမားမိန်းမ သေဆုံးသွားတယ်။

သူ့အိမ်မှာ အိမ်နီးချင်းတွေ လာပြိးတော့ အသုဘ အခမ်းအနားလုပ်ပေးကြတယ်။ အစစအရာရာ လိုလေသေးမရှိလုပ်ပေးကြတာပေါ့။ လယ်သမားကလဲ ၀က်ကိုပေါ်ပြီးတော့ လာကူညီတဲ့ သူတွေကို ကျွေးမွေးပါတယ်။ အသုဘ စရိတ်ကလဲ သိပ်မလောက်တော့ နောက်ဆုံး အိမ်မှာရှိတဲ့နွားကို သားသတ်သမားဆီရောင်းလိုက်တော့တယ်။ နာရေးလဲ ပြီးရော လယ်သမားဟာ မွေးမြူရေးတွေ မလုပ်တော့ဘဲ။ သစ်ပင်စိုက်ပျိုးရေးဘက်ကို လုပ်ကိုင်တော့တယ်။ ကြွက်ကတော့ အဲဒီအိမ်မှာပဲပေါ့

ပုံပြင်ထဲကလိုပဲ တစ်ခါတစ်လေမှာ ပြသနာတစ်ခုက ကိုယ်နဲ့မဆိုင်ပါဘူးလို့ ထင်မှတ်မထားသင့်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေပြီဆိုရင် တစ်နည်းနည်းနဲ့ ကိုယ်နဲ့ဆိုင်လာနိုင်တဲ့အတွက် သတိထားတတ်ဖို့ပါ

မောင်စိုင်း

1 comment:

  1. Good နိုင်​ငံ​ရေး​တွေမပါ​ကြေး​လေ

    ReplyDelete

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ