ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Wednesday, June 11, 2014

ဘာ​ကောင်​လဲ ဆိုတာ

ခင်ဗျားက ဘာကောင်လဲ?

အခုအချိန်မှာ မအောင်မြင်သေးသူတွေအဖို့

'မင်းက ဘာကောင်မို့လဲ' ဆိုတဲ့စကားဟာ

အတော်အရှိုက်ထိတဲ့စကားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ခင်ဗျားကိုယ်ခင်ဗျားဒီလိုတွေးကြည့်ပါ။

ခင်ဗျားက ရုံးစာရေးလေး ဖြစ်နေပါသလား?

ကိစ္စမရှိပါဘူး။ သမိုင်းမှာ ရုံးစာရေးတစ်ယောက်

ကမ္ဘ္ဘာကျော်သိပ္ပံပညာရှင်ဖြစ်သွားဘူးတယ်။

သူ့နာမည်က အိုင်စတိုင်း တဲ့။

ခင်ဗျားက Taxi မောင်းသမားဖြစ်နေပါသလား?

ကိစ္စမရှိပါဘူး။ သမိုင်းမှာ taxi ဆရာတစ်ယောက်

ကမ္ဘ္ဘာကျော်မင်းသားဖြစ်သွားဘူးတယ်။

သူ့နာမည်က ရှောင်ကွန်နရီ တဲ့။

ခင်ဗျားက ဓါတ်ပုံမော်ဒယ်ဖြစ်နေပါသလား?

ကိစ္စမရှိပါဘူး။ သမိုင်းမှာ ဓါတ်ပုံမော်ဒယ်တစ်ယောက် အမေရိကန်သမ္မတဖြစ်သွားဘူးတယ်။

သူ့နာမည်က ဂျရယ်ဖို့ တဲ့။

ခင်ဗျားက ပိုစတာပန်းချီဆရာလေးဖြစ်နေပါသလား?

ကိစ္စမရှိပါဘူး။ သမိုင်းမှာ ပိုစတာတွေဆွဲသူတစ်ယောက်

လူတကာဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့

အာဏာရှင်ကြီးဖြစ်ဘူးတယ်။

သူ့နာမည်က ဟစ်တလာ တဲ့။

ခင်ဗျားက ကျောင်းဆရာမဖြစ်နေပါသလား?

ကိစ္စမရှိပါဘူး။ သမိုင်းမှာ ကျောင်းဆရာမတစ်ယောက်

အစ္စရေးဝန်ကြီးချုပ်ဖြစ်သွားဘူးတယ်။

သူ့နာမည်က ဂိုဒါမေယာ တဲ့။

ခင်ဗျားက စက်ရုံအလုပ်သမဖြစ်နေပါသလား?

ကိစ္စမရှိပါဘူး။ သမိုင်းမှာ စက်ရုံအလုပ်သမတစ်ယောက်

ကမ္ဘ္ဘာကျော်မင်းသမီးဖြစ်သွားဘူးတယ်။

သူ့နာမည်က မာရီလင်မွန်ရိုး တဲ့။

ကံကြောင့်ဖြစ်ကောင်းဖြစ်မယ်

အခွင့်အလမ်းမသာသေးလို့လည်းဖြစ်နိုင်တယ်။

ခင်ဗျားဟာ လူမှန်နေရာမှန်ရောက်ကောင်းမှရောက်မယ်။

အရေးကြီးတာက

ခင်ဗျား လတ်တလောဘာဖြစ်နေတာ မဟုတ်ဘူး။

ခင်ဗျား ဘာဖြစ်အောင်လုပ်နေသလဲဆိုတာကသာ

အဓိကအကျဆုံးဖြစ်တယ်။

Credit: Thorn Nay Soe

ဝေဖန်​အကြံပြုစာများ​ရေးသားလိုပါက cbox တွင်​လာ​ရောက်​​ရေးသားဖို့ဖိတ်​​ခေါ်ပါနယ်​ဗျာ

No comments:

Post a Comment

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ