*** အကြီးမားဆုံး,ဆုံးရှုံးမူ့ < သို့ > မေမေ ***
အမေ့အိမ်မှာ
ကျွန်တော် ဘုရင်ဖြစ်ခဲ့ပေမယ့်
ကျွန်တော့် ဘဝထဲမှာ ကျွန်ဖြစ်နေပြီ မေမေ ...။
အမေနဲ့ အတူရှိစဉ်က
အရာရာ မှန်သမျှ လက်ညိုးထိုးရခဲ့ပေမယ့်
အခုတော့ ...အရာအားလုံး
ကျွန်တော့်ကို လက်ညိုးထိုးကုန်ကြပြီ ...။
ငယ်ငယ်က ကျွန်တော့် အငိုကို
အမေ့ နို့ချိုနဲ့ ပြုံးခဲ့ ၊ဖုံးခဲ့ ပေမယ့်
ကျွန်တော့် ဘဝအမောတွေကို
ဘယ်လူသားကမှ လာပြုံးမပေးဘူးးးး `မေမေ´ ...။
ကျွန်တော့် အနီးပါးမှာ
အပေါင်းအသင်း ရောင်းရင်းဆိုပေမယ့်
ကောင်းသတင်း မကောင်းသတင်းလည်း ရှိမှာပါ
ဒါပေမယ့် ...`မေမေ့ ´သတင်းတော့ မရှိတော့ဘူးးးး ..။
သြော် ...မေမေရယ် ၊ ကျွန်တော့် အိမ်မက်
`မေမေ´ လွှဲတဲ့ ပုခက်ထဲမှာ မှတ်နေပေမယ့်
ကိုယ့်ဖာသာ လောကရဲ့ ပုခက်အဖြစ် လွှဲခံနေရပြီ ..။
ကျွန်တော့် ငိုသံတစ်ချက်တောင် မခံစားနိုင်ခဲ့တဲ့ ` မေမေ ´...
အခု ...မာယာတွေ ထပ်ဆင့်နဲ့
လောကရဲ့အလယ်မှာ ...
ကျွန်တော့်ရဲ့ မျက်လုံးတွေ မိုးရာသီလို ဖြစ်နေခဲ့ပြီ `မေမေ ´........။
ဘယ်ဘုံဘဝမှာ မေမေ့ကို
ပြန်ရှာရင်တွေ့နိုင်မလဲ ....?
*** ဘယ်မှာလဲ ` မေမေ ´ ...ဘယ်မှာလဲ ***
ဖြစ်နိုင်ရင် ကျွန်တော့်ကို `မေမေ´ ပြန်ပေးကြပါ ....။
မေမေရယ် ......
.................................မေမေရယ်
ကျွန်တော် အရမ်းသတိရတာပဲ ..........။ ။
ဆောင်းနေရောင်
ဝေဖန်အကြံပြုစာများရေးသားလိုပါက cbox တွင်လာရောက်ရေးသားဖို့ဖိတ်ခေါ်ပါတယ်ဗျာ
No comments:
Post a Comment
သူငယ်ချင်း များအားလုံးကျေးဇူးပါ