နွေ
ရှင်သန်ဆဲ နွေ
ခြောက်သွေ့သွားတဲ့ နွေ
အတ္တအတွက်
နွေရဲ့ပန်းချီစုတ်ချက်တွေ
အကျည်းတန်နေခဲ့တယ်
အသိစိတ်တွေ
ခြောက်လှန့်ခံရတယ်
ရွက်ဟောင်းလို
ကြွေလွင့်ပျောက်ဆုံးခဲ့ရတယ်
အပင်အိုကြီးလို
တိတ်ဆိတ်ခဲ့ရတယ်
အမည်းရောင်သန်းတဲ့
အနာဂတ်ကို ချေမှုန်းဖို့
ဒီနွေကအကူမဖြစ်ခဲ့သလို
နွေအဟောင်းမှာ
ရေမလောင်းခဲ့တော့
နွေအသစ်ကလည်း
ရွှေမဖြစ်ခဲ့ပြန်ဘူး
အရောင်မတင့်တဲ့
မျှော်လင့်ချက်ပန်းတိုင်
အောက်မှာ
ချောက်ကမ်းပါး
တစ်ခုရှိခဲ့တာ
ပန်းတစ်ပွင့်ရဲ့
နောက်ကွယ်မှာ
ရနံ့ ရိုင်း
တစ်ခုရှိခဲ့တာ
ဒါတွေကိုအသိမပေး
အပူပေးခဲ့တာ နွေ
ကဲ
ဒီနွေမှာ
ဘယ်သူနေမလည်း
နွေ နွေ နွေ
ငါ ယုံကြည်စွာ
ပြောပါရစေ
မင်းရဲ့
ရာသီ စက်ဝန်းထဲကနေ
ငါ့ကို
ထုတ်ပယ်လိုက်ပါ
မင်းနွေမှာ
ငါမနေတော့ဘူး
ဒါပေမယ့်
မင်းနွေမှာလည်း
ငါမသေဘူး
ငါဟာ
အမြဲတမ်း
ရှင်သန်နေမဲ့သူပဲ။
မောင်လွန်းမာ
{စိတ် ခံစားမှု တိုက်ဆိုင်ပါကခွင့်လွှတ်တော်မူကြပါ ဟဲဟဲ ။}
No comments:
Post a Comment
သူငယ်ချင်း များအားလုံးကျေးဇူးပါ